Monday, November 3, 2014

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး မိဘများနှင့် ထိုင်းရဲတပ်ဖွဲ့ ယနေ့ တွေ့ဆုံမည်

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် စွပ်စွဲ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး၏ မိဘအုပ်ထိန်းသူများနှင့် ထိုင်းရဲတပ်ဖွဲ့တို့ နိုဝင်ဘာလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC)၊ ရှေ့နေများကောင်စီ၊ မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့များလည်း ယင်းတွေ့ဆုံပွဲတွင် ပါဝင်မည်ဖြစ်ပြီး NHRC ရုံးခန်းတွင် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးမင်းဦးက ပြောကြားသည်။
“မိသားစုတွေက နေပြီးတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ ထိုင်းရဲတွေ ပြောတဲ့ဟာလည်း ကျွန်တော်တို့ နားထောင်မယ်။ အပြန်အလှန် ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။

လိပ်ကျွန်းလူသတ်မှုကို ကျူးလွန်ခြင်း မရှိခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့နှင့် ဘာသာပြန်သူတို့က ရိုက်နှက်စစ်ဆေးမှု၊ အသက်အန္တရာယ် ခြိမ်းခြောက် စစ်ဆေးခံရပြီး ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံပါက ရိုက်နှက်မခံရသည့်အပြင် ပြစ်ဒဏ်လျော့နည်းအောင် ကူညီမည်ဟုဆို၍ ဝန်ခံရခြင်း ဖြစ်ကြောင်း မြန်မာနှစ်ဦးက ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment