Tuesday, November 18, 2014

တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ နီးပါး တင်ဆောင်လာသည့်လှေ ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်နိမိတ်အနီး ဘင်္ဂလား ပင်လယ်အော်ထဲမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေတစီး ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းမိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက စိန့်မာတင်ကျွန်းရဲ့ အရှေ့တောင်ပိုင်းက ရေမိုင် ၅၀ အကွာလောက်မှာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ၀င်ရောက်လာတဲ့လှေကို ရေတပ်သင်္ဘောက တားဆီးလိုက်ပြီး ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုသူ ရေတပ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။



အဲဒီလှေပေါ်ပါလာသူ လူ ၆၀၀ လောက်ထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် ဒေသအသီးသီးက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစု ပါဝင်ပြီး ကျန်သူတွေကတော့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်တယ်လို့ အရာရှိက ဆိုပါတယ်။ တရားမ၀င် လှေစီးလာသူတွေကို နယ်မြေခံရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်လူမျိုးတွေနဲ့ မြန်မာပြည်က ရိုဟင်ဂျာ ဆိုသူတွေဟာ ထိုင်း၊ မလေးရှားနဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေဆီ သွားရောက်ဖို့ ပင်လယ်ရေကြောင်းကို ဖြတ်ကျော်ရင်း လှေမှောက်တာ၊ တရားမ၀င် ကူးဖြတ်လို့ အဖမ်းခံရတာတွေ အမြဲလိုလို ဖြစ်ပွားနေတာပါ။

DVB TV NEWS

No comments:

Post a Comment