Monday, November 17, 2014

အမေရိကန် အကူအညီပေးရေး လုပ်သား တစ်ဦးကို IS စစ်သွေးကြွတို့က ထပ်မံသတ်ဖြတ်

Photo: အမေရိကန် အကူအညီပေးရေး လုပ်သား တစ်ဦးကို IS စစ်သွေးကြွတို့က ထပ်မံသတ်ဖြတ် 
Monday, November 17, 2014

ဘေရွတ်၊ နိုဝင်ဘာ၁၆။ ဖမ်းမိထားသည့် အမေရိကန် အကူအညီ ပေးရေး လုပ်သား ပီတာ ကတ်ဆင်းကို IS စစ်သွေးကြွ တို့က သတ်ဖြတ်လိုက်သည့် ဗီဒီယို တစ်ခု အင်တာနက်ပေါ် ရောက်ရှိလာ ခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ဗီဒီယိုထဲတွင် ကတ်ဆင်း၏ ဦးခေါင်းဟုဆိုသော ဖြတ်ထားသည့် ဦးခေါင်းပေါ်တွင် မျက်နှာဖုံး စွပ်ထားသော စစ်သွေးကြွ တစ်ဦးက မတ်တပ်ရပ်လျက်ရှိသည်။ ယင်းဗီဒီယိုမှာ အစစ်အမှန် ဖြစ်ကြောင်း ချက်ခြင်း အတည်မပြုနိုင် သေးပေ။ ထို့အပြင် အဆိုပါ ဗီဒီယိုထဲ ၌ပင် သတ်ဖြတ် ခံထားရသည့် ဆီးရီးယား စစ်သားများ ကိုလည်း ပြသခဲ့သည်။

ပီတာ ကတ်ဆင်းမှာ လွန်ခဲ့သည့် နှစ်က ဖမ်းဆီး ခံခဲ့ရသည်။ အောက်တိုဘာ လက ဗြိတိသျှ အကူအညီပေးရေး လုပ်သား အလန်ဟန်းနင်းကို သတ်ဖြတ်ပြသည့် ဗီဒီယိုတွင် မစ္စတာ ကတ်ဆင်းကိုလည်း သတ်ဖြတ် မည်ဟု ခြိမ်းခြောက် ခဲ့သည်။

ယခု နောက်ဆုံး ဗီဒီယိုကို အစစ်အမှန် ဟုတ်မဟုတ် သိရှိရရန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းက စုံစမ်းလျက် ရှိကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီက ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ကတ်ဆင်းသည် အီရတ်စစ်ပွဲ ကာလက အထူး စစ်ဆင်ရေး များ ဆောင်ရွက် ရသော ရိန်းဂျား တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သည်။ ကတ်ဆင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လက ဆီးရီးယား အရှေ့ပိုင်းသို့ သွားရောက်စဉ် ဖမ်းဆီး ခံခဲ့ ရသည်။

Ref: BBC

Mizzima

No comments:

Post a Comment