Tuesday, November 18, 2014

လိုင်စင်နှင့်စည်းကမ်း လိုက်နာမှု ရှိ၊ မရှိ KTV များကို စစ်ဆေးအရေးယူမည်

မကွေးမြို့ တွင် KTV နှင့် အရက်ဆိုင်များမှ အစ ပြုသည့် ရာဇဝတ်မှုခင်း ဖြစ်ပွားမှုများ ပြားလာသဖြင့် လိုင်စင်မဲ့အရက်ဆိုင်များ အား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိ ပြီး လိုင်စင်မဲ့နှင့် စည်းကမ်းချက်များ မကိုက်ညီသည့် KTV များကိုလည်း ဆက်လက်အရေးယူသွားမည်ဖြစ် ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားလိုက်သည်။

''လိုင်စင်မဲ့၊ သက်တမ်းလွန် KTV တွေ၊ လိုင်စင်စည်းကမ်းနဲ့မညီညွတ် တဲ့ KTV တွေကို တစ်ပြေးညီအရေး ယူနိုင်ဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ စည်ပင် သာယာရေးဌာနတွေက ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေကို နိုဝင် ဘာ ၆ရက်က တောင်းခံထားပါတယ်။

KTV နဲ့ပတ်သက်ပြီး ထုတ်ပြန်ထား တဲ့ စည်ကမ်းချက်တွေနဲ့ အုပ်ချုပ်ရေး ပိုင်းက ညွှန်ကြားချက်တွေကို ရပြီဆို ရင် အရေးယူမှုတွေ စတင်ဆောင် ရွက်လို့ရပါပြီ။ လက်ရှိပြဿနာဖြစ် ပွားတဲ့ KTV တွေကိုတော့ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူ ဆောင်ရွက်ထားတာတွေရှိပါတယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော် ဝင်းချစ်က ပြောသည်။

မကွေးမြို့နယ်ရဲတပ်ဖွဲ့အနေ ဖြင့် ပြည်သူအယောက် ၂ဝဝဝ လျှင် ရဲတစ်ယောက်နှုန်းဖြင့် တရားဥပဒေ စိုးမိုးရေးထိန်းသိမ်းနေရသဖြင့် ပြည် သူဗဟိုပြု ရဲလုပ်ငန်းစဉ်စနစ်အတိုင်း ပြည်သူများ မှုခင်းအသိပညာများရရှိ ကာ ရဲတပ်ဖွဲ့ကို သတင်းမှန်ပေး၍ ပူးပေါင်းဆောင်ရွက်လာရန် ကြိုးပမ်း နေကြောင်း ၄င်းကဆိုသည်။

မကွေးမြို့တွင် ကျောင်းသား လူငယ်များအတွင်း ခိုက်ရန်ဖြစ်ပွားမှု များ မကြာခဏဖြစ်ပွားလျက်ရှိပြီး အများအားဖြင့် အရက်ဆိုင်နှင့် KTV တို့မှ အစပြု၍ ဖြစ်ပွားလျက်ရှိသဖြင့် ၄င်းတို့ကိုအရေးယူ ဆောင်ရွက်ရန်လို အပ်ကြောင်း မြို့မိမြို့ဖတစ်ဦးက ပြော သည်။

''မကွေးမြို့မှာ KTV ဆိုင် ၁၈ ဆိုင်ရှိတဲ့အထဲက ငါးဆိုင်ပဲလိုင်စင်ရှိပြီး အဲဒီငါးဆိုင်မှာနှစ်ဆိုင်က သက်တမ်း လွန်နေတယ်။ ကျန်တဲ့၁၁ ဆိုင်က လိုင်စင်လျှောက်ထားဆဲဖြစ်ပြီး နှစ် ဆိုင်ကလျှောက်ထားခြင်း မရှိသေးပါ ဘူး။ တချို့ဆို လုပ်လာတာခြောက် နှစ်လောက်ရှိနေပြီး အခုမှ လိုင်စင် လျှောက်ထားဆဲပဲရှိပါသေးတယ်။ လက်ရှိအခြေအနေမှာ KTV မယ်တွေ ထားနေတာကိုက ဥပဒေကိုချိုးဖောက် တာဖြစ်ပြီး ရာဇဝတ်မှုဖြစ်ပွားဖို့ကိုလဲ စေ့ဆော်နေသလိုပါပဲ''ဟု မကွေးတိုင်း ဒေသကြီးဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးသိုက်ထွန်းက ပြောသည်။

လက်ရှိအခြေအနေတွင်ကျောင်း သားလူငယ်များအကြား ခိုက်ရန်ဖြစ်ပွား မှုလျော့နည်းလာပြီဖြစ်ကြောင်းနှင့် ရာဇဝတ်မှုခင်းဖြစ်ပွားပါက အလွယ် တကူသတင်းပေးပို့နိုင်စေရန် ရပ်ကွက် တိုင်းနှင့် ဖြစ်ပွားတတ်သော နေရာ များတွင် ရဲတပ်ဖွဲ့သို့ဆက်သွယ်ရန် ဖုန်းနံပါတ်ပါရှိသည့် ဗီနိုင်းဆိုင်းဘုတ် များစိုက်ထူထားကြောင်း သိရသည်။

NC(Myitmakha)

Yangon Media Group

No comments:

Post a Comment