Sunday, November 23, 2014

လားဟူကျေးရွာများတွင် RCSS/SSA အဖွဲ့ ဆက်ကြေးကောက်ခံ

Photo: လားဟူကျေးရွာများတွင် RCSS/SSA အဖွဲ့ ဆက်ကြေးကောက်ခံ
Sunday, November 23, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်ခွဲအတွင်းရှိ လားဟူကျေးရွာများအား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်ခွဲ၊ တုံဟုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် လားဟူ တိုင်းရင်းသားမိသားစုများ နေထိုင် ကြပြီး ၎င်းတို့နှင့်မသက် ဆိုင်သော ခေါင်းစဉ်အမျိုးမျိုးပြကာ ဆက်ကြေးငွေတောင်းခြင်းဖြစ်ကြောင်း အုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

RCSS/SSA ဗဟိုဌာနချုပ်၊ လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရောက် လျက်ရှိသော သင်တန်းသားများအား ထောက်ပံ့ရန်ဟု အကြောင်းပြကာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ငွေ ၆၀၀၀၀ ကျပ်အား ကောက်ခံသွား ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေထည့်ရန်၊ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော တရားခံများနှင့်အစောင့်များအား ကျွေးမွေးရန်ဟု အကြောင်းပြကာ ငွေ ၂၂၀၀၀၀ကျပ် အားကောက်ခံ သွားပြန်ကြောင်း ဒေသခံလားဟူတိုင်းရင်းသား ကိုကျလော က ပြောသည်။

“နှစ်ရက်ပဲ ခြားပြီး လာတောင်းတယ်၊ စစ်သင်တန်းတက်နေတဲ့ သူတွေ ထောက် ပံ့ ဖို့ ဆိုပြီးတော့တောင်းတာ၊ ငါတို့က လူနည်းစု တိုင်းရင်းသားတွေဆိုတော့ သူတို့အနိုင်ကျင့်တာ ခံနေရတာပေါ့” ဟု တုံဟုန်းရွာသား တစ်ဦးကပြောသည်။

RCSS/SSA အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရောက် လျက်ရှိသော သင်တန်းသားများ အား ထောက်ပံ့ရန်ဟုဆိုကာ ငွေ၈၀၀၀၀ ကျပ် ထပ်မံကောက်ခံသွားကြောင်း သိရှိရပါသည်။ 

ဇော်ထက်အောင်
Credit to : Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်ခွဲအတွင်းရှိ လားဟူကျေးရွာများအား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်ခွဲ၊ တုံဟုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် လားဟူ တိုင်းရင်းသားမိသားစုများ နေထိုင် ကြပြီး ၎င်းတို့နှင့်မသက် ဆိုင်သော ခေါင်းစဉ်အမျိုးမျိုးပြကာ ဆက်ကြေးငွေတောင်းခြင်းဖြစ်ကြောင်း အုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

RCSS/SSA ဗဟိုဌာနချုပ်၊ လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရောက် လျက်ရှိသော သင်တန်းသား များအား ထောက်ပံ့ရန်ဟု အကြောင်းပြကာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ငွေ ၆၀၀၀၀ ကျပ်အား ကောက်ခံ သွား ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် အတွက် အလှူငွေထည့်ရန်၊ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော တရားခံများနှင့်အစောင့်များအား ကျွေးမွေးရန်ဟု အကြောင်းပြကာ ငွေ ၂၂၀၀၀၀ကျပ် အားကောက်ခံ သွားပြန်ကြောင်း ဒေသခံ လားဟူတိုင်းရင်းသား ကိုကျလော က ပြောသည်။

“နှစ်ရက်ပဲ ခြားပြီး လာတောင်းတယ်၊ စစ်သင်တန်းတက်နေတဲ့ သူတွေ ထောက် ပံ့ ဖို့ ဆိုပြီးတော့ တောင်းတာ၊ ငါတို့က လူနည်းစု တိုင်းရင်းသားတွေဆိုတော့ သူတို့အနိုင်ကျင့်တာ ခံနေရတာပေါ့” ဟု တုံဟုန်းရွာသား တစ်ဦးကပြောသည်။

RCSS/SSA အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရောက် လျက်ရှိသော သင်တန်းသားများအား ထောက်ပံ့ရန်ဟုဆိုကာ ငွေ၈၀၀၀၀ ကျပ် ထပ်မံကောက်ခံ သွား ကြောင်း သိရှိရပါသည်။

ဇော်ထက်အောင်
Credit to : Shan News

No comments:

Post a Comment