Monday, December 22, 2014

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ ခရီးသည်တင်ယာဉ်လိုင်း ကားဂိတ်တဲ မီးလောင်မှုဖြစ်

Photo: မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ ခရီးသည်တင်ယာဉ်လိုင်း ကားဂိတ်တဲ မီးလောင်မှုဖြစ်

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

၂၂.၁၂.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊
ရေတမာလမ်း၊ အမှတ် (၁၂၁) မင်္ဂလာဒုံ-လှိုင်သာယာခရီးသည်တင်ယာဉ်
ကားဝင်းအတွင်းရှိ လူမနေသောဂိတ်တဲ၌ လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် ၀၃၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား
(၁၀)ပေ၊ အနံ(၆)ပေခန့်ရှိ သွပ်မိုး၊ သံဇကာ၊ ပျဉ်ခင်းဂိတ်တဲ(၁)လုံး မီးလောင်
ကျွမ်းပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ 

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဂိတ်မှူးဖြစ်သူ ကိုရဲမင်းထွေးအား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၂.၁၂.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ရေတမာလမ်း၊ အမှတ် (၁၂၁) မင်္ဂလာဒုံ-လှိုင်သာယာခရီးသည်တင်ယာဉ်ကားဝင်းအတွင်းရှိ လူမနေသောဂိတ်တဲ၌ လျှပ်စစ်ဝါယာကြိုးအပူ လွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် ၀၃၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား(၁၀)ပေ၊ အနံ(၆)ပေခန့်ရှိ သွပ်မိုး၊ သံဇကာ၊ ပျဉ်ခင်းဂိတ်တဲ(၁)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ 

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဂိတ်မှူးဖြစ်သူ ကိုရဲမင်းထွေးအား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment