Monday, December 22, 2014

စည်ပင်ရွေးကောက်ပွဲ မြို့နယ်အဆင့်၌ ပြိုင်ဘက်မရှိ၍ အလိုအလျောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်များနေ

Photo: စည်ပင်ရွေးကောက်ပွဲ မြို့နယ်အဆင့်၌ ပြိုင်ဘက်မရှိ၍ အလိုအလျောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်များနေ

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

စည်ပင်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းကြော်ငြာများကို ကြည့်ရှုနေသူနှစ်ဦး
စည်ပင်ရွေးကောက်ပွဲ ကို ရန်ကုန်မြို့ခံများကြား စိတ် ၀င်စားမှုနည်းပါးသောကြောင့် မြို့နယ်အဆင့်ရွေးကောက်ခံကိုယ် စားလှယ်လောင်းစာရင်းတွင် ပြိုင် ဘက်မရှိအလိုအလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများ များပြားနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ပြု လုပ်မည့် ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ၌ မြို့နယ်တစ်ခု လျှင် ရပ်မိရပ်ဖ တစ်ဦး၊ အသိ ပညာရှင် အတတ်ပညာရှင် တစ် ဦးနှင့် လူမှုရေးအဖွဲ့အစည်း တစ် ဦးဟူ၍ သုံးဦးကို ပြည်သူက ရွေး ချယ်တင်မြှောက်ရမည်ဖြစ်သော် လည်း အချို့မြို့နယ်များတွင် ပြိုင် ဘက်မရှိ အလိုအလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများရှိနေခြင်းဖြစ်သည်။

‘‘၀င်ပြိုင်တဲ့သူတိုင်းကတော့ ပြည်သူကရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်ပဲဖြစ်ချင်ကြတာ ပါ။ ဒါပေမဲ့ပြည်သူတွေက စိတ် ၀င်စားမှုအားနည်းတယ်။ အတွေ့ အကြုံ အားနည်းတာကြောင့် လည်း ပါတယ်။ ၀င်ပြိုင်လည်း မထူးပါဘူးလို့ခံယူသူတွေလည်း ရှိမယ်ထင်တယ်။ ဒီမိုကရေစီမှာ တော့ ပြိုင်ဘက်ရှိတာ ကောင်းတာပေါ့’’ဟု အရှေ့ပိုင်းခရိုင်၊ သင်္ဃန်း ကျွန်းမြို့နယ်မှ ရပ်မိရပ်ဖအဖြစ် ၀င်ရောက်အရွေးခံမည့် ဦးခင် မောင်ကျော်က သုံးသပ်သည်။ သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်မိရပ်ဖ အဖြစ် ဦးခင်မောင်ကျော်အပါအ၀င်ငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ခရိုင်လေးခု၏ မြို့နယ် ၃၄ ခုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဆင့် ၁၀၂ နေရာအတွက် ၀င်ရောက်ရွေးချယ်ခံမည့်ကိုယ်စား လှယ်လောင်း ၂၁၃ ဦးတွင် ၃၈ ဦးမှာ ပြိုင်ဘက်မရှိအလိုအ လျှောက်အရွေးခံကြရမည်ဖြစ် သည်။ ကိုယ်စားလှယ်လောင်း များတွင် အသိပညာရှင်၊ အတတ် ပညာရှင် ၁၉ ဦးမှာ အရေအတွက် အများဆုံးပြိုင်ဘက်မရှိအလိုအ လျှောက် အရွေးခံရမည်ဖြစ်ပြီး လူမှုရေးအဖွဲ့အစည်းတွင် ၁၂ ဦးမှာ ယှဉ်ပြိုင်ရန် မလိုဘဲ ရပ်မိ ရပ်ဖဥက္ကဋ္ဌနေရာတွင် ခုနစ်ဦးမှာ အလိုအလျောက်မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်အဆင့် အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ မြို့နယ်ပေါင်း ၃၄ ခုထဲမှ ကြည့်မြင်တိုင်၊ ဆိပ်ကမ်းနှင့် လသာမြို့နယ်များမှ ကိုယ်စား လှယ်လောင်းများမှာ နေရာသုံးခုစလုံးအတွက် ယှဉ်ပြိုင်သူမရှိဘဲ အလိုအလျောက်အရွေးခံရမည် လည်းဖြစ်သည်။

နှစ် ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပြန်လည် ကျင်းပသော ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကို ကော်မရှင်အနေဖြင့် သတင်းထုတ်ပြန်မှု များအားနည်းနေပြီး ကိုယ်စားလှယ်လောင်းများမဲဆွယ်ရာတွင် အကန့်အသတ်များပြားမှုကြောင့် လည်း ယခုကဲ့သို့ပြည်သူများစိတ် ၀င်စားမှု နည်းပါးနေခြင်းဖြစ် ကြောင့် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းအများစု က သုံးသပ်သည်။

‘‘ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး ကြီးကြီးမားမားနှိုးဆော်တာ လည်းမရှိတော့ ပြည်သူတွေ သိပ် ပြီးစိတ်ဝင်စားမှုမရှိတာပါ။ အခု အချိန်အထိလည်း မဲထည့်မယ့် ပြည်သူတွေ မဲထည့်ရမယ့်စနစ် တွေကို မသိကြဘူး’’ဟု တောင် ပိုင်းခရိုင်၊ တာမွေမြို့နယ်မှ ရပ်မိ ရပ်ဖအဖြစ် ၀င်ရောက်အရွေးခံ မည့် ကိုယ်စားလှယ်လောင်း ဦး မျိုးဝင်းအောင်ကပြောသည်။

‘‘ယှဉ်ပြိုင်ရတာက ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ ယှဉ်ပြိုင်ချင်တယ်။ ပြည်သူအ တွက်လည်း ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမဲ့ အလိုအလျောက်ဖြစ်လို့ လည်း ကျွန်တော်ပြောင်းလဲမ သွားပါဘူး။ အခုလိုပဲ မြို့နယ် အ တွက်အကောင်းဆုံးလုပ်ဆောင် သွားမှာပါ’’ဟု လသာမြို့နယ်၏ ရပ်မိရပ်ဖအဖြစ်အလိုအလျောက်ကိုယ်စားလှယ်ဖြစ်လာမည့် ဦးမျိုးကျော်သူကဆိုသည်

7Day Daily
စည်ပင်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းကြော်ငြာများကို ကြည့်ရှုနေသူနှစ်ဦးစည်ပင်ရွေးကောက်ပွဲ ကို ရန်ကုန်မြို့ခံများကြား စိတ် ၀င်စားမှုနည်းပါးသောကြောင့် မြို့နယ်အဆင့်ရွေးကောက်ခံကိုယ် စားလှယ်လောင်းစာရင်းတွင် ပြိုင် ဘက်မရှိအလိုအလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများ များပြားနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



ဒီဇင်ဘာ ၂၇ ရက်တွင် ပြု လုပ်မည့် ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ၌ မြို့နယ်တစ်ခု လျှင် ရပ်မိရပ်ဖ တစ်ဦး၊ အသိ ပညာရှင် အတတ်ပညာရှင် တစ် ဦးနှင့် လူမှုရေးအဖွဲ့အစည်း တစ် ဦးဟူ၍ သုံးဦးကို ပြည်သူက ရွေး ချယ်တင်မြှောက်ရမည်ဖြစ်သော် လည်း အချို့မြို့နယ်များတွင် ပြိုင် ဘက်မရှိ အလို အလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများရှိနေခြင်းဖြစ်သည်။

‘‘၀င်ပြိုင်တဲ့သူတိုင်းကတော့ ပြည်သူကရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်ပဲဖြစ်ချင်ကြတာ ပါ။ ဒါပေမဲ့ပြည်သူတွေက စိတ် ၀င်စားမှုအားနည်းတယ်။ အတွေ့ အကြုံ အားနည်းတာကြောင့် လည်း ပါတယ်။ ၀င်ပြိုင်လည်း မထူးပါဘူးလို့ခံယူသူတွေလည်း ရှိမယ်ထင်တယ်။ ဒီမိုကရေစီမှာ တော့ ပြိုင်ဘက်ရှိတာ ကောင်းတာပေါ့’’ဟု အရှေ့ပိုင်းခရိုင်၊ သင်္ဃန်း ကျွန်းမြို့နယ်မှ ရပ်မိရပ်ဖအဖြစ် ၀င်ရောက်အရွေးခံမည့် ဦးခင် မောင်ကျော်က သုံးသပ်သည်။ သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်မိရပ်ဖ အဖြစ် ဦးခင်မောင်ကျော်အပါအ၀င် ငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ခရိုင်လေးခု၏ မြို့နယ် ၃၄ ခုတွင် မြို့နယ်စည်ပင် သာယာရေး ကော်မတီအဆင့် ၁၀၂ နေရာအတွက် ၀င်ရောက်ရွေးချယ်ခံမည့်ကိုယ်စား လှယ်လောင်း ၂၁၃ ဦးတွင် ၃၈ ဦးမှာ ပြိုင်ဘက်မရှိအလိုအ လျှောက်အရွေးခံကြရမည်ဖြစ် သည်။ ကိုယ်စားလှယ်လောင်း များတွင် အသိပညာရှင်၊ အတတ် ပညာရှင် ၁၉ ဦးမှာ အရေအတွက် အများဆုံးပြိုင်ဘက်မရှိအလိုအ လျှောက် အရွေးခံရမည်ဖြစ်ပြီး လူမှုရေးအဖွဲ့အစည်းတွင် ၁၂ ဦးမှာ ယှဉ်ပြိုင်ရန် မလိုဘဲ ရပ်မိ ရပ်ဖဥက္ကဋ္ဌနေရာတွင် ခုနစ်ဦးမှာ အလိုအလျောက်မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်အဆင့် အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ မြို့နယ်ပေါင်း ၃၄ ခုထဲမှ ကြည့်မြင်တိုင်၊ ဆိပ်ကမ်းနှင့် လသာမြို့နယ်များမှ ကိုယ်စား လှယ်လောင်းများမှာ နေရာသုံးခုစလုံးအတွက် ယှဉ်ပြိုင်သူမရှိဘဲ အလိုအလျောက်အရွေးခံရမည် လည်းဖြစ်သည်။

နှစ် ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပြန်လည် ကျင်းပသော ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကို ကော်မရှင်အနေဖြင့် သတင်းထုတ်ပြန်မှု များအားနည်းနေပြီး ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရာတွင် အကန့်အသတ်များပြားမှုကြောင့် လည်း ယခုကဲ့သို့ပြည်သူများစိတ် ၀င်စားမှု နည်းပါးနေခြင်းဖြစ် ကြောင့် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းအများစု က သုံးသပ်သည်။

‘‘ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး ကြီးကြီးမားမားနှိုးဆော်တာ လည်းမရှိတော့ ပြည်သူတွေ သိပ် ပြီးစိတ်ဝင်စားမှုမရှိတာပါ။ အခု အချိန်အထိလည်း မဲထည့်မယ့် ပြည်သူတွေ မဲထည့်ရမယ့်စနစ် တွေကို မသိကြဘူး’’ဟု တောင် ပိုင်းခရိုင်၊ တာမွေမြို့နယ်မှ ရပ်မိ ရပ်ဖအဖြစ် ၀င်ရောက်အရွေးခံ မည့် ကိုယ်စားလှယ်လောင်း ဦး မျိုးဝင်းအောင်ကပြောသည်။

‘‘ယှဉ်ပြိုင်ရတာက ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ ယှဉ်ပြိုင်ချင်တယ်။ ပြည်သူအ တွက်လည်း ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမဲ့ အလိုအလျောက်ဖြစ်လို့ လည်း ကျွန်တော်ပြောင်းလဲမ သွားပါဘူး။ အခုလိုပဲ မြို့နယ် အ တွက်အကောင်းဆုံးလုပ်ဆောင် သွားမှာပါ’’ဟု လသာမြို့နယ်၏ ရပ်မိရပ်ဖအဖြစ် အလို အလျောက်ကိုယ်စားလှယ်ဖြစ်လာမည့် ဦးမျိုးကျော်သူကဆိုသည်

7Day Daily

No comments:

Post a Comment