Monday, December 22, 2014

ပန်းခြံနှင့် ကစားကွင်းများပြန်ရရေး အဆုံးစွန်ထိတိုက်ပွဲဝင်မည်ဟု ဦးကိုကိုကြီးပြောခွင့်ပြုချက်မရသည့်နေရာတွင် ဟောပြောခဲ့၍ ဦးကိုကိုကြီးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲ

ရန်ကုန်မြို့တွင် သိမ်းယူ ထားသော ပန်းခြံနှင့် ကစားကွင်း များ ပြန်လည်ရရှိရန် အဆုံးစွန် အထိတိုက်ပွဲဝင် သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားလိုက် သည်။
တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်ရှိ ကစားကွင်းအား ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီး နောက် ကွန်ဒိုတိုက်ခန်းဆောက် လုပ်မှု အပေါ် ဒီဇင်ဘာ ၂၁ ရက်က ဒေသခံများကန့်ကွက်ဆန္ဒပြရာ တွင် ပူးပေါင်းပါဝင် လာသော ဦးကိုကိုကြီးက ထိုကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ကလေးတွေ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ ဖြစ်ရမယ်။ အခုကျွန်တော်တို့ ကလေးတွေကြည့်လိုက်ရင် ပိန် ပိန်သေးသေး ညောင်ညောင်လေး တွေ၊ မျက်မှန်ထူထူလေးတွေ တပ်ထားတယ်။ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေဖြစ်ရမယ်။

အဲဒီလိုဖြစ်ဖို့အတွက် ကလေးကစားဖို့အတွက် ကစားကွင်းတွေ၊ လူကြီးတွေ ကစားဖို့အတွက် ကစားကွင်းတွေကို ဟိုးအရင်ကတည်းက ခွင့်ပြုပြီးတော့ ဖွဲ့စည်း တည်ထောင်ထားတဲ့ဟာကို ဒီမိုကရေစီ လုပ်ပါပြီဆိုမှ ကျွန်တော်တို့ ကလေးတွေ ကစားစရာနေရာမရှိတဲ့ အခြေအနေမျိုးကို အဖြစ် မခံနိုင်ဘူး။ ဒါတွေကို ပြန်ရဖို့ တိုက်ပွဲဝင်ပြီး တောင်းဆိုသွားမယ်’’ဟု ဦးကိုကိုကြီးက တောင်ဥက္ကလာပမြို့ နယ် (၉) ရပ်ကွက်ရှိ ကစားကွင်း ပြန်ရရှိရေးဆန္ဒပြပွဲတွင် ပြောကြားသွားသည်။
ဆန္ဒထုတ်ဖော်ရေးအတွက် ဥပဒေနှင့်အညီ စာတင်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဆန္ဒထုတ်ဖော်ရန် တာမွေမြို့နယ် ကျိုက္ကဆံဟစ်တိုင်တွင် သက်ဆိုင်ရာက ခွင့်ပြုခဲ့သော်လည်း ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်မရသည့် တောင်ဥက္ကလာပမြို့ နယ် စည်ပင်သာယာရုံးရှေ့တွင် သွားရောက်ဟောပြော ခဲ့သောကြောင့် ပုဒ်မ ၁၉ ဖြင့်တရားစွဲလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၁ ရက်က တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက် ရှိ ကစားကွင်း ပြန်ရရှိရန် ခွင့် ပြုချက်မဲ့ဖြင့် ဆန္ဒပြတောင်းဆိုမှု ကြောင့် ဦးဆောင်ဆန္ဒပြသူ ဦးကို ကိုကြီး၊ ဒေါက်တာ စောနိုင်၊ ဦး မုန်းခက်၊ ဦးနိုင်ကိုလင်းနှင့် ဦးစစ် မောင်တို့ကို ပုဒ်မ ၁၉ ဖြင့် တရား စွဲဆိုလိုက်ကြောင်း တောင်ဥက္က လာပမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုး အောင်ကပြော သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်ရှိ ကစားကွင်းပြန်လည်ရရှိရေးအတွက် ဆန္ဒပြမှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ယင်းကစားကွင်းသည် ကြံ့ခိုင်ရေးပါတီပိုင်မြေနေရာဖြစ်ကြောင်း တောင်ဥက္က လာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်းက ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားထားသည်။
ပန်းခြံနှင့် ကစားကွင်းများ သိမ်းယူထားမှုကြောင့် ၂၀၁၄ တွင် ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒ ပြတောင်း ဆို မှုများ ၁၀ ကြိမ်ထက် မနည်းပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့အတွင်း ပန်းခြံနှင့် ကစားကွင်း ၆၃ ခုရှိနေသော်လည်း အများစု မှာ ပိတ်ထားပြီး ကုမ္ပဏီကြီးများ က ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ရန်ကုန်မြို့တွင် မိသားစု အလိုက်၊ သူငယ်ချင်းများနှင့် အတူ စိတ်လွတ်ကိုယ်လွတ်အပန်းဖြေနိုင်သည့်နေရာမှာ အလွန်ရှားပါးနေပြီး ပန်းခြံများကလည်း စုံတွဲများနှင့်သာ ပြည့်နှက်နေသဖြင့် အချို့နေရာများဆိုလျှင် ကလေးငယ်များကိုပင်ခေါ်သွားရန် မသင့်သည့်အနေအထားတွင် ရှိနေသည်။ လူငယ်များအတွက် ဘောလုံးကစားရန်ပင် ကစားကွင်းမရှိသည့် အနေအထားဖြစ်နေသည်။ လွတ်လပ်ရေး နေ့တွင် ကျင်းပကြသည့်ရပ်ကွက်အလိုက် အားကစားပြိုင်ပွဲများကိုလည်း ယင်းရပ်ကွက်ရှိ လမ်းမပေါ်တွင်သာ ပြုလုပ်နေကြခြင်းဖြစ်သည်။

‘‘မြို့တွင်းမှာရှိတဲ့ ပန်းခြံနဲ့ ကစားကွင်းတွေကို အစကပိတ် ထားတယ်။ နောက်မှ ဂရန်ဖောက် ပြီး ရောင်းစားတာ။ မြို့ထဲမှာ ရပ် ကွက်ကစားကွင်းဆိုလို့ မရှိတော့ ဘူး။ သိမ်ဖြူကွင်းဆိုလည်း အဲလို ပဲလုပ်လိုက်ကြတာ’’ဟု သိမ်ဖြူ ကစားကွင်း ပြန်ရရှိရေး ဆန္ဒ ပြပွဲနှစ်ကြိမ်ပြုလုပ်ခဲ့သူ ရှေ့နေ များကွန်ရက်မှ ရှေ့နေ ဦးအေး မင်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင် ပန်းဥယျာဉ်ဌာနက ယခု ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွင်း သခင်မြ ပန်းခြံ၊ အင်းလျားပန်းခြံနှင့် နံ့သာ မြိုင်ပန်းခြံတို့ကို အဆင့်မြှင့်တင် ရန် ရည်ရွယ်ထားပြီး တောင်ဥက္က လာပမြို့နယ်ရှိ သုမင်္ဂလာပန်းခြံ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ဒဂုံအရှေ့ ပန်းခြံ၊ ဆိပ်ကမ်းမြို့နယ်ရှိ ဒဂုံ ဆိပ်ကမ်းပန်းခြံ၊ ဒဂုံမြို့နယ်ရှိ ဇီဝကပန်းခြံနှင့် ဒဂုံပန်းခြံ၊ ဗဟန်းမြို့နယ်ရှိ သွေးဆေးကန်ပန်းခြံ၊ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာပန်းခြံ၊ပုဇွန်တောင်မြို့နယ်ရှိ ဇေယျာမြိုင်ပန်းခြံ၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီး ပုလဲမဟာမြိုင်ပန်းခြံ၊ ဒလမြို့နယ်ရှိ ဒလပန်းခြံ၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်ပန်းခြံနှင့် အင်းစိန်မြို့ နယ်ရှိ အင်းစိန်ပန်းခြံတို့ကို မွမ်းမံမည် ဟု သတင်းရရှိသည်။

အဆိုပါပန်းခြံများသည် စည်ပင်က အမှန်တကယ်အဆင့်မြှင့် တင်နိုင်ပါက ယခင်ချုံပုတ်ကဲ့သို့၊ သန့်စင်ခန်းကဲ့သို့ဖြစ်နေသော ပန်းခြံများပြန်လည် အသက်ဝင်လာမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ရန်ကုန်၌မြေဈေးကြီးလွန်းသည့် အတွက် ပန်းခြံအသစ်များထပ်မံဖော်ထုတ်ရန် ခက်ခဲသောကြောင့် ရှိနေသောပန်းခြံများ အဆင့်မြှင့်တင်ရန်မှာ မဖြစ်မနေ လုပ်ကိုင်ရမည်ဖြစ်သည်။

‘‘ပန်းခြံနေရာတွေ၊ မီးတား ကွင်းတွေက စည်ပင်ရပ်ကွက်၊ မြို့နယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေ က လုပ်စားကိုင်စားလို့ ကုန်ပါပြီ။ ဒါကြောင့် ရန်ကုန်က ကလေး တွေဘ၀က တိုက်ခန်းကျဉ်းလေး တွေထဲမှာပဲ ပြီးဆုံးသွားပါလိမ့် မယ်’’ဟု စမ်းချောင်းမြို့နယ်နေ ကလေးမိခင်တစ်ဦးက ပြောကြားသည်။

7Day Daily

No comments:

Post a Comment