Wednesday, December 17, 2014

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

Photo: အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ကျွန်တော်တို့က နိုင်ငံတော်သမ္မတဆီကိုလည်း အကူအညီတောင်းပြီးပြီ၊ ဗိုလ်ချုပ်ဂွမ်မော်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီးပြီ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO နည်းပညာအထောက်အကူပြုအဖွဲ့ကိုလည်း အကူအညီတောင်းပြီးပါပြီ ဘယ်မှာမှ အကူအညီတောင်းလို့မရတော့လို့ နောက်ဆုံး ဘုရားဆီမှာ အကူအညီတောင်းပြီး ဆုတောင်းမေတ္တာ ပို့သမှာပါလို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစန်းဝေက ပြောဆိုသည်။

ကျွန်တော့သား (၂၁)နှစ်အရွယ် မောင်ကျော်ဇင်(ခ)ဆွတ်ငိုင်ကို (၄-၁၁-၂၀၁၁)ရက်နေ့က ဖားကန့် လုံးခင်းမှာ ကျောက်တူးနေတုန်း KIA ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊ အခုဆို (၃)နှစ်ရှိသွားပြီ၊ သေသလား ရှင်သလားဆိုတာလည်း မသိရပါဘူး လို့ မိုးညှင်း၊ အောင်သပြေရပ်ကွက်က ဖခင်ဖြစ်သူ ဦးကျော်စိုးက ပြောဆိုသည်။

၂၀၁၁-ခုနှစ် နောက်ပိုင်း ရရှိထားသော စာရင်းများအရ အဖမ်းဆီးခံ သျှမ်းလူငယ်များ (၂၈၀)ကျော်ရှိပြီး ယနေ့အချိန်ထိတော့ ထွက်ပြေးလွတ်မြောက်လာသူ သျှမ်းလူငယ်ပေါင်း (၉၀)ကျော်ခန့်ရှိတယ် လို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုထားတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက
အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ကျွန်တော်တို့က နိုင်ငံတော်သမ္မတဆီကိုလည်း အကူအညီတောင်းပြီးပြီ၊ ဗိုလ်ချုပ်ဂွမ်မော်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီးပြီ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO နည်းပညာအထောက်အကူပြု အဖွဲ့ကိုလည်း အကူအညီတောင်းပြီးပါပြီ ဘယ်မှာမှ အကူအညီတောင်းလို့မရတော့လို့ နောက်ဆုံး ဘုရားဆီမှာ အကူအညီတောင်းပြီး ဆုတောင်းမေတ္တာ ပို့သမှာပါလို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစန်းဝေက ပြောဆိုသည်။

ကျွန်တော့သား (၂၁)နှစ်အရွယ် မောင်ကျော်ဇင်(ခ)ဆွတ်ငိုင်ကို (၄-၁၁-၂၀၁၁)ရက်နေ့က ဖားကန့် လုံးခင်းမှာ ကျောက်တူးနေတုန်း KIA ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊ အခုဆို (၃)နှစ်ရှိသွားပြီ၊ သေသလား ရှင်သလားဆိုတာလည်း မသိရပါဘူး လို့ မိုးညှင်း၊ အောင်သပြေရပ်ကွက်က ဖခင်ဖြစ်သူ ဦးကျော်စိုးက ပြောဆိုသည်။

၂၀၁၁-ခုနှစ် နောက်ပိုင်း ရရှိထားသော စာရင်းများအရ အဖမ်းဆီးခံ သျှမ်းလူငယ်များ (၂၈၀)ကျော်ရှိပြီး ယနေ့အချိန်ထိတော့ ထွက်ပြေးလွတ်မြောက်လာသူ သျှမ်းလူငယ်ပေါင်း (၉၀)ကျော်ခန့်ရှိတယ် လို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုထားတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment