Thursday, December 11, 2014

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် အစား ဆယ့်နှစ်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အရေးကြီး အဆိုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အတည်ပြု

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေး(၂/၂ဝ၁၄) ဆဋ္ဌမနေ့ကို တိုင်းဒေသကြီး လွှတ်တော်ရုံး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ် ၁ဝ၈ ဦး တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း (၆)ခုကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့် အဖွဲ့ အစည်းဝင်များက ဖြေကြားခဲ့သည်။



ထို့နောက် ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်သို့ ကရင် တိုင်းရင်းသား လွှတ် တော် ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်က တင်သွင်းခဲ့သော အရေးကြီး အဆိုဖြစ်သည့် ''ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး ပွဲအတွက် ခြောက်ပွင့်ဆိုင် ခြောက်ဦး တွေ့ဆုံ ဆွေးနွေးမှု အစား တိုင်းရင်းသား ပင်မမျိုးနွယ်စုကြီး ခုနစ်မျိုး ပါဝင်စေမည့် ဆယ့်နှစ်ပွင့်ဆိုင် ဆယ့်နှစ်ဦး တွေ့ဆုံဆွေးနွေး စေသင့်ကြောင်း အရေးကြီး အဆို'' အား လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့် အဖွဲ့ အစည်းဝင်က ရှင်းလင်း ဆွေးနွေးခြင်း၊ အဆိုရှင် မှ ဆွေးနွေးခြင်း၊ အဆိုနှင့် ပတ်သက်၍ လွှတ်တော်၏ ဆန္ဒ သဘောထားကို ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒပြုခြင်းကို ဆောင်ရွက်ခဲ့ရာ ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၉ မဲဖြင့် အဆိုကို အတည်ပြုခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်သို့ ဒီဇင်ဘာ ၈ ရက်က တင်သွင်းသော ''အရက်၊ဘီယာ ထုတ်လုပ်သိုလှောင် သယ်ယူပို့ဆောင် ဖြန့်ဖြူးဆိုင်တင် တည်ခင်း ရောင်းချမှုများကို တည်ဆဲဥပဒေများနှင့် အညီ အစဉ်တစိုက် စစ်ဆေးကြပ်မတ် အရေးယူမှု ရှိသော မူဝါဒ ချမှတ် ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို'' အား လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အဖွဲ့အစည်းဝင်များက ရှင်းလင်းခြင်း ဆောင် ရွက်ပြီး အဆိုအား အတည်ပြုခြင်း ဆောင်ရွက်ခဲ့သည်။

မြ၀တီ

No comments:

Post a Comment