အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်၏ အစီရင်ခံစာတွင် ပီအာရ်စနစ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အလားအလာ အခြေအနေ နည်းပါးသဖြင့် ပါတီအလိုက် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့ရရှိသော မဲရာခိုင်နှုန်း အများအနည်းအလိုက် တန်းစီထားသောစနစ်ကို ကျင့်သုံးရန် သင့် မသင့် စိစစ်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က“ပီအာရ်စနစ် ကျင့်သုံးပြီး ရွေးကောက်ခံထားရတဲ့ သူထဲက ဒုသမ္မတပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်တာပဲဖြစ်ဖြစ်ပေါ့ အဲဒီနေရာ လစ်လပ်သွားမှာပေါ့။ အဲဒီလို လစ်လပ်နေရာ ရှိခဲ့တယ်ဆိုရင် ပုံမှန်အတိုင်းဆို ကြားဖြတ်ရွေးကောက်ပွဲ ရှိရမှာပေါ့။ ပီအာရ် စနစ် သုံးမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲရှိမယ်လေ။ ဘာလို့လဲ တစ်နေရာလွတ်တာပဲဖြစ်ဖြစ် မဲဆန္ဒနယ်တစ်ခုလုံးအတွက် လုပ်ပေးရမှာလေ။ တစ်တိုင်းလုံး၊ တစ်ပြည်နယ်လုံးကို ပြန်ပြီး ရွေးကောက်ပွဲလုပ်ရမှာဆိုတော့ ခက်ခဲတာပေါ့။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲတွေ အများကြီးဖြစ်လာမှာပေါ့”ဟု ပီအာရ်စနစ်အပေါ် ပြောကြားသည်။
ဆက်လက်၍ “လစ်လပ်သွားတာထက်ကို မလျော့ဘဲ ဒီအတိုင်းရှိနေရင်လည်း တစ်တိုင်းလုံးရဲ့ ကိုယ်စားလှယ်သာဖြစ်နေတဲ့အတွက်ြေ
ထို့ပြင် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုပါ က ကိုယ်စားလှယ်များကို ဖြုတ်ချပိုင်ခွင့် ၁ ရာခိုင်နှုန်းဆိုသည်ကို မည်သို့ ပြင်မလဲဆိုသည်ကို မသိသေးကြောင်း၊ လက်ရှိတွင် ၁ ရာခိုင်နှုန်းဆိုပေမယ့် တစ်တိုင်းလုံး၊ တစ်ပြည်နယ်လုံးအတွက်ဆိုပါက အားလုံးသက်ဆိုင်နေသည့်အတွက် ၁ ရာခိုင်နှုန်းဖြစ်၍ ကြိုက်သည့် အချိန်တွင် ပြဿနာရှာ၍ရနေသလိုဖြစ်နေကြောင်း၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက “ပီအာရ်စနစ်ကတော့ ဖွဲ့စည်းပုံနဲ့ ညီကိုမညီပါဘူး။ ဆွေးနွေးတုန်းကလည်း ကန့်ကွက်ခဲ့တယ်။ ပီအာရ်စနစ်မှာ အထူးပြောချင်တာကတော့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ညာဏစိုးက“ပီအာရ်စနစ်
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမ
Eleven Media Group
No comments:
Post a Comment