Wednesday, December 3, 2014

ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာလက်မှတ်ရေးထိုး

 ဇီဝပိုးမွှားများကို လက် နက်အသွင်အသုံးချ၍ တိုက်ခိုက်  ခြင်း၊ အကြမ်းဖက်လုပ်ငန်းများ တွင် အသုံးချခြင်းအပါအ၀င် ဇီဝ  လက်နက်များ မပြန့်ပွားစေရန် နှင့် တားမြစ်ပိတ်ပင်ရေးအတွက် ဇီဝလက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ်အတည်ပြုလက်မှတ် ရေးထိုးလိုက်ကြောင်း သတင်းရရှိ သည်။



ဒီဇင်ဘာ ၁ရက်မှ ၅ရက်အ ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် ကျင်းပနေသော ဇီဝလက် နက်တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး ၌ မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးဌာနဒုဝန်ကြီးဦးသန့်ကျော် တက်ရောက်နေပြီး  မြန်မာအစိုးရ လက်မှတ်ရေးထိုးထားသည့် အဆို ပါ စာချုပ်ကို ယင်း အစည်းအဝေး တွင် ပေးအပ်လိုက်ခြင်း ဖြစ် သည်။

‘‘မြန်မာ လက်မှတ်ရေးထိုး ထားတဲ့ စာချုပ်ကို ဒီစာချုပ်တွေ ထိန်းသိမ်းတဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဗြိတိန်၊အမေရိကန် ကိုယ်စားလှယ်တွေထံမှာ၊ သဘာပတိဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံ ကိုယ်စားလှယ်ရှေ့မှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာက ဒီစာချုပ်ကို ၁၉၉၃ ခုနှစ်မှာကတည်းက လက်မှတ်ထိုးထားခဲ့ပေမယ့် အတည်ပြုပါဝင်ဖို့ (Re-tify) လုပ်ဖို့ လက်မှတ်ထိုးရပါတယ်။ အခုပြည်ထောင်စု လွှတ်တော်က ဒါကို အတည်ပြုလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့က စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်သွားတာပါ’’ ဟု ၎င်းက ပြော သည်။

အဆိုပါ ဇီဝလက်နက်တား ဆီးပိတ်ပင်ရေးစာချုပ်ကို အတည် ပြုလက်မှတ် ရေးထိုးလိုက်ခြင်း ကြောင့် မြန်မာနိုင်ငံက အခြားစာ ချုပ် အဖွဲ့ဝင်နိုင်ငံများထံမှ ဇီဝ လက်နက် တားဆီးပိတ်ပင်ရေး ဆိုင်ရာ အထောက်အကူပြုသင် တန်းများ၊ ဇီဝလက်နက် သုံးစွဲ ၍ အကြမ်းဖက်မှု သတင်းအချက်အလက်များ ဖလှယ်ရရှိနိုင် မည်ဖြစ်သည်။

ထို့အပြင် ကမ္ဘာ ပေါ်တွင် ဇီဝလက်နက်ကို အကြမ်း ဖက်မှုနှင့် တလွဲအသုံးချမှုများ ရှိ နေသည့်နိုင်ငံများကို သံသယရှိပါ က အထောက်အထားအချက်အ လက်နှင့်တကွ မြန်မာနိုင်ငံအပါ အ၀င် စာချုပ်အတည်ပြုနိုင်ငံများ က ကုလသမဂ္ဂသို့ တင်သွင်းတိုင် ကြားနိုင်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအ အဖွဲ့အစည်းများနှင့် စီးပွားရေးဌာန ဒုညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

‘‘အခု ကမ္ဘာမှာလည်း အ ကြမ်းဖက်မှုတွေက ဖြစ်ပွားနေ တယ်။ ဒီဇီဝပိုးမွှားကို အကြမ်း ဖက်မှုတွေမှာ လက်နက်အသွင်း အသုံးချပြီး တိုက်ခိုက်ခဲ့တာတွေ ကမ္ဘာ့သမိုင်းမှာရှိခဲ့တယ်။ အရင် ကတည်းက ဒီစာချုပ်ကို လက် မှတ်ထိုးခဲ့ပေမယ့် နိုင်ငံရေးအခြေ အနေကြောင့် အတည်ပြုပါဝင်နိုင်  ရေးကို မလုပ်နိုင်ခဲ့ဘူး။ အခု နှစ် နှစ်ဆယ်ကျော်အကြာမှာ နိုင်ငံရေးအပြောင်းအလဲလည်းဖြစ် ပေါ်လာပြီ။ နိုင်ငံတကာနဲ့လည်း ဆက်ဆံရေးတွေကောင်းလာပြီ။ လွှတ်တော်ကလည်းအတည်ပြု ပေးလိုက်တယ်ဆိုတော့ အတည် ပြုစာချုပ်ကို မြန်မာက လက်မှတ် ရေးထိုးနိုင်လိုက်ပါပြီ’’ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်အရ မြန်မာနိုင်ငံတွင် အဏုမြူစမ်းသပ်ထုတ်လုပ်မှု ရှိ၊ မရှိ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ၏ ၀င်ရောက်စစ်ဆေးမှုကို ခွင့်ပြုရမည်ဖြစ်သည်။

7 Day Daily

No comments:

Post a Comment