Wednesday, December 3, 2014

အူရီးဒူး ဖုန်းတာဝါတိုင် တည်ဆောက်ရန် စီစဉ်ခြင်းကို ဒါးပိန်ရွာ ဒေသခံများ ကန့်ကွက်

အူရီးဒူးကုမ္ပဏီက လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာတွင် တာဝါတိုင်တည်ဆောက်ရန် စီစဉ်နေ ခြင်းကို အိမ်ခြေတစ်ရာကျော်ရှိ သော ဒေသခံများက ဘာသာရေး အယူဝါဒအစွဲ အခြေခံ၍ ကန့် ကွက်လိုက်ကြောင်း သတင်းရရှိ သည်။

‘‘တိုင်ထောင်မယ့်နေရာက အိမ်ရှင်က လက်ခံပါတယ်။ ရွာက လူတွေက အူရီးဒူးက လုပ်တာဖြစ်လို့ ကန့်ကွက်ကြတာပါ။ အိမ်ခြေ တစ်ရာလောက်က မကျေနပ် ချက်တွေနဲ့ ကန့်ကွက်ကြလို့ညှိနှိုင်းတာ မအောင်မြင်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ညှိနှိုင်းပါသေးတယ်။ လက်မခံကြပါဘူး’’ဟု လှည်းကူးမြို့နယ် လူမှုရေး အဖွဲ့မှ ကိုစည်သူကပြောသည်။



အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အူရီးဒူး၏ တာဝါတိုင်တိုင်တည် ဆောက်သော ကုမ္ပဏီ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံများနှင့် ညှိနှိုင်းမှုပြုလုပ်ခဲ့ သော်လည်း အဆင်မပြေခဲ့ကြောင်း ဒေသခံများကပြောသည်။

တာဝါတိုင် တည်ဆောက် ခြင်းကို ကန့်ကွက်ရသည့် အ ကြောင်းရင်းများမှာ ကာတာ နိုင်ငံအခြေစိုက် အူရီးဒူးက တည် ဆောက်မည့် တာဝါတိုင်ဖြစ်နေ ခြင်း၊ ကျေးရွာအလယ်တည့်တည့်တွင် ဖြစ်နေခြင်း၊ တာဝါတိုင်တည်ဆောက်လိုက်သည့်အတွက် လျှပ်စစ်အန္တရာယ်စိုးရိမ်ရခြင်းစသည့်အချက်များနှင့် ဒေသအယူဝါဒ အစွဲများကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကျွန်မတို့ ကုမ္ပဏီအနေနဲ့ နယ်မြေခံပြည်သူတွေနဲ့ အတိုက် အခံလုပ်ပြီးတော့မှ စီးပွားရေးကို မလုပ်ပါဘူး။ တာဝါတိုင်တည် ဆောက်ဖို့အတွက် ကုမ္ပဏီ နှစ်ခု ကို လွှဲပေးထားပါတယ်။ တကယ် လို့ ကန့်ကွက်မယ်ဆိုရင်လည်း သက်ဆိုင်ရာ နယ်မြေခံလူကြီး တွေကနေ တစ်ဆင့် အကြောင်း ရင်းအတိအကျဖော်ပြပြီး ကန့် ကွက်စေချင်ပါတယ်။ အဲဒါကို ကြည့်ပြီး အဆင်ပြေအောင် ညှိ နှိုင်းပေးသွားပါမယ်’’ဟု အူရီးဒူးမြန်မာပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

7Day Daily

No comments:

Post a Comment