Wednesday, December 31, 2014

ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန်၊ နိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆုံးဖြတ်

ဘင်္ဂါလီ (မူရင်းသတင်း တွင် ရိုဟင်ဂျာဟု သုံးနှုန်းထား)လူနည်းစုများကို နိုင်ငံသားအဖြစ် လုံးဝသတ်မှတ်ပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ က ဒီဇင်ဘာ ၂၉ရက် တွင် အတည်ပြုလိုက်သည်။

ရိုဟင်ဂျာ ၁ ဒသမ ၃ သန်း သည် တည်ဆဲဥပဒေများအရ နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံနေရ ပြီး နိုင်ငံမဲ့များအဖြစ် အခွင့်အရေး များဆုံးရှုံးနေကြောင်း၊ အေပီ၊ စီအင်န်အေ အပါအ၀င် နိုင်ငံတကာ
သတင်းဌာနများက ရေးသားဖော်ပြထားသည်။ ရိုဟင်ဂျာများ အပေါ် မြန်မာအစိုးရ၏ ဆက်ဆံပုံ နှင့်ပတ်သက်၍ ကုလက များစွာစိုးရိမ်ပူပန်ပြီး လူနည်းစုများအပေါ် ဆက်ဆံရေး ပြုပြင်ပြောင်းလဲရန် အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သော နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ သတင်းစကားကို မြန်မာအစိုးရထံ ပေးပို့လိုက်ကြောင်း အဆိုပါ သတင်းဌာနများက ရေးသားသည်။ထို့အပြင် မွတ်စလင်လူနည်း စုများက ၎င်းတို့ကို ၎င်းတို့ရိုဟင် ဂျာဟု သတ်မှတ်ခေါ်ဆိုခွင့်ပြုရန် အတွက်လည်း ကုလအထွေထွေ ညီလာခံက မြန်မာအစိုးရအား တိုက်တွန်းထားသည်။

သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုသည်မှာ လုံးဝမရှိကြောင်းအတိ အလင်း ပြောကြားထားသည်။ ရခိုင်အမျိုးသား အင်အားစုများ ကလည်း ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအ ရ စိစစ်၍ နိုင်ငံသားဖြစ်ခွင့်ရသူ များကို နိုင်ငံသား အခွင့်အရေး များပေးရန် မငြင်းဆန်သော် လည်း နိုင်ငံတော်က လက်မခံ သည့် ရိုဟင်ဂျာဟု တောင်းဆိုမှု သည် ပြဿနာများ ဖြစ်ပေါ်စေ သည့် အဓိကအကြောင်းရင်း တစ်ခုဖြစ်ကြောင်း ပြောသည်။

‘‘ကုလကိုယ်တိုင်က ရိုဟင် ဂျာလို့ ခေါ်ဆိုနေသရွေ့ ပြဿ နာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အ ချုပ်အခြာအာဏာကို ၀င်စွတ် ဖက်နေတာ ဖြစ်တယ်’’ ဟု စစ် တွေ မြို့မိမြို့ဖအဖွဲ့ဝင်ဦးသန်း ထွန်းက ပြောသည်။

နိုင်ငံတော်သမ္မတထံ တင် သွင်းသော ရခိုင်စုံစမ်းစစ်ဆေး ရေး ကော်မရှင်အစီရင်ခံစာတွင် ဘင်္ဂါလီလူမျိုးများသည် ရိုဟင်ဂျာဟု ဆက်လက်တောင်းဆိုနေမည် ဆိုပါက အများလက်ခံနိုင်သည့်ကိစ္စမဟုတ်သဖြင့် မငြိမ်သက်မှုများနှင့်သာ တွေ့ကြုံရမည်ဟု ဖော်ပြသည်။

ထို့အပြင် ဘင်္ဂါလီလူမျိုး အချို့ကသာ ရိုဟင်ဂျာဟု တောင်းဆို နေသည်ကို တွေ့ရပြီး ရိုဟင်ဂျာ လူမျိုးအမည်ကို ခွင့်ပြုလိုက်ပါက တစ်နိုင်ငံလုံး၏ ပြင်းထန်သော ကန့်ကွက်မှုများ ကြုံတွေ့ရမည် ဖြစ်ကာ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရေးသားအကြံပြုထားသည်။

ပြီးခဲ့သည့် အာဆီယံထိပ် သီးအစည်းအဝေးကာလအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လူနည်းစု များ၏ အခွင့်အရေးကို အသိ အမှတ်ပြုသည့်အနေဖြင့် ရိုဟင် ဂျာဟုသာ ဆက်လက်သုံးစွဲသွား မည်ဟု ပြောဆိုခဲ့မှုကြောင့် ပြင်း ထန်သည့် ဝေဖန်ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။

‘‘သမိုင်းအထောက်အထား နဲ့ မြေပြင်အခြေအနေ သေချာ မလေ့လာဘဲ၊ မသိဘဲ ခဏခဏ ဒီလိုလုပ်နေတာက ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဒေသအတွင်း ဆောင်ရွက်နေတာကို အနှောင့် အယှက်ဖြစ်စေတယ်’’ ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦး က ပြောသည်။

7Day Daily

No comments:

Post a Comment