ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ
အရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ် အတွင်းခွင့်ပြုချက်မဲ့ စီးနင်းမောင်းနှင်နေသော ဆိုင်ကယ်များကို ဒီဇင်ဘာ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်အထိ ဆိုင်ကယ်စီးရေ ၁ဝ၈ စီးအား ဖမ်းဆီး၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေ သကဲ့သို့ ယာဉ်မရပ်ရ တားမြစ်ဧရိယာအတွင်း စည်းကမ်းမဲ့ရပ်တန့်ထားသည့် မော်တော်ယာဉ်များကိုလည်း ဖမ်းဆီး၍ တည်ဆဲဥပဒေ၊ ဒေသန္တရဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။မြ၀တီ
No comments:
Post a Comment