Monday, December 8, 2014

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

NightClub-KTV
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။



တဆက်တည်းမှာပဲ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ရန်ကုန်တိုင်း အတွင်းက လူနေရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကေတီဗွီ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည်ခန်းမတွေကို နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းခဲ့ရာ အစီစဉ်မရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့ပါတယ်။

DVB

No comments:

Post a Comment