Monday, December 8, 2014

မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်

Photo: မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်
Monday, December 8, 2014

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာ
အဂျင်စီက ထုတ်ပြန်လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှု
လျော့နည်းလာသောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာအရ မြန်မာ၏ ယခုနှစ် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၆၇၀ သာ ရှိပြီး ယမန်နှစ်ထက် တန်ချိန် ၂၀၀လျော့နည်းသည်ဟု သိရသည်။ဘိန်းစိုက်ပျိုးဧကပေါင်း ၁၄၂၀၀၀ ရှိနေဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။

UNODC တွေ့ဆုံမေးမြန်းခဲ့သော တောင်သူဦးရေ၏ ၇၂ ရာခိုင်နှုန်းက ဘိန်းစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် ပိုမိုတွက်ခြေကိုက်သောကြောင့် စိုက်ပျိုးခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။

photo- EPA
Popular Myanmar News Journal
မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာအဂျင်စီက ထုတ်ပြန် လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှုလျော့နည်းလာ သောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာအရ မြန်မာ၏ ယခုနှစ် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၆၇၀ သာ ရှိပြီး ယမန်နှစ်ထက် တန်ချိန် ၂၀၀လျော့နည်းသည်ဟု သိရသည်။ ဘိန်း စိုက်ပျိုးဧကပေါင်း ၁၄၂၀၀၀ ရှိနေဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။

UNODC တွေ့ဆုံမေးမြန်းခဲ့သော တောင်သူဦးရေ၏ ၇၂ ရာခိုင်နှုန်းက ဘိန်းစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် ပိုမိုတွက်ခြေကိုက်သောကြောင့် စိုက်ပျိုးခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။

photo- EPA
Popular Myanmar News Journal

No comments:

Post a Comment