Monday, December 22, 2014

အဓမ္မပြုကျင့်ခံရသည့် နိုင်ငံခြားသူ တရားသူကြီးထံ အမှုအပ်ကာ ရန်ကုန်ပြန်မည်

အဓမ္မပြုကျင့်ခံရသည် ဟုဆိုကာ ကိုယ်တိုင်တရားလိုပြု လုပ်တိုင်ကြားထားသည့် ပီရူးနိုင်ငံ သူသည် တရားသူကြီးထံ အမှုအပ် ၍ရန်ကုန်မြို့သို့ ယနေ့ပြန်လာ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘သူကိုင်တိုင်လက်ရေးနဲ့ရေး ထားတဲ့ တိုင်ချက်ထားခဲ့မှာ။ မ နက်ဖြန် တရားသူကြီးရှေ့မှာ ထွက်ချက်ပေးဖို့ စောင့်ခိုင်းထားရ မယ်။ ပြီးတာနဲ့ ရန်ကုန်ကိုပြန်မယ် လို့ပြောတယ်။ သူက ပြန်ချင်နေ ပြီ။ တရားလိုရဲ့ တိုင်ချက်က သက် သေခံဝင်တဲ့အတွက် တရားစွဲခံ ထားရတဲ့သူက ဒီလိုပဲ တရားရင် ဆိုင်သွားရမှာပဲ’’ဟု ကျိုက်ထိုမြို့ မရဲစခန်း စခန်းမှူးဒုရဲမှူးကိုကိုဦး က ဒီဇင်ဘာ ၂၁ရက်တွင် ပြော သည်။

ဒီဇင်ဘာ ၂၀ရက် နံနက်က ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်း အနီးရှိ ကင်မွန်းချောင်းဘေး တစ်နေရာတွင် အသက် (၂၂)အရွယ်အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်ခံရ၍ ၎င်းကရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ကင်မွန်းချောင်းအနီး မြေပုံအညွှန်းတွင်ပါသည့် စေတီငယ်တစ်ဆူကို ရှာဖွေပေးရန် အမျိုးသားတစ်ဦးအား အကူအညီတောင်းရာမှ အဆိုပါအမျိုးသားက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းဒုရဲမှူးကိုကိုဦးက ပြောသည်။

အဓမ္မပြုကျင့်သူကို ရပ်ကွက် က ဖမ်းဆီးခဲ့ကာ ရဲစခန်းသို့အပ်နှံခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကင်မွန်းချောင်း ရဲစခန်း၌ ထိန်း သိမ်းထားသည်။ ပီရူးနိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်ကို ရဲတပ်ဖွဲ့၏ စောင့်ရှောက်မှုဖြင့် ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စေကြောင်း သတင်းရရှိ သည်။

7Day Daily

No comments:

Post a Comment