Friday, December 12, 2014

အေးချမ်းမြတ်မိုးအသတ်ခံရမှု ကိုးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေ မော်ဒယ်တစ်ဦးကို စစ်ဆေး


မော်ဒယ်အေးချမ်းမြတ် မိုး မသေဆုံးမီနေအိမ်သို့ လိုက်ပို့ ခဲ့သော မော်ဒယ်သရုပ်ဆောင် တစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် အမှု စစ်ဆေးခဲ့သည်။

အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သူသရုပ်ဆောင် မော်ဒယ်အေးချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ နေအိမ်တိုက်ခန်း ရှေ့တွင် အသတ်ခံခဲ့ရသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒီဇင် ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ ကိုးကြိမ်မြောက်
အမှုရုံးချိန်းအဖြစ် စစ်ဆေးခဲ့သည်။အဆိုပါစစ်ဆေးမှုတွင် တ ရာလိုပြသက်သေအဖြစ် မော်ဒယ် သရုပ်ဆောင် အမျိုးသားနှစ်ဦးအ နက် တစ်ဦးကို စစ်ဆေးခဲ့သည်။ ၎င်းထွက်ဆိုချက်အရ လူသတ်မှု ကျူးလွန်သူဟု စွပ်စွဲခံထားရသောအံ့ဖြိုးပိုင်မှာ အခင်းမဖြစ်ပွားမီက သေဆုံးသူ မော်ဒယ်အေးချမ်း မြတ်မိုးနှင့် ၎င်းတို့ပတ်သက်မှုကို မေးမြန်းခဲ့ပြီး သာမန်သူငယ်ချင်းအဖြစ်သာ ရင်းနှီးကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့နောက် အခင်းဖြစ်ပွားခဲ့သည့် နေ့တွင် အေးချမ်းမြတ်မိုးအား ၎င်းနေထိုင်သော တိုက်ခန်းရှိရာ တိုက် အောက်သို့ လိုက်ပို့ခဲ့ပြီးနောက်ဖြစ်ပွားခဲ့သည့် အကြောင်းအရာ များကို သိရှိခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည်။

တရားခံပြ ရှေ့နေဘက်က စစ်ဆေးမေးမြန်းချက်တွင် သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုးမှာ ၎င်း၏ လက်ကိုင်အိတ်ထဲ၌ ခေါက်ဓားကို အမြဲဆောင်ထားလေ့ရှိခြင်းကို သိရှိပါသလား၊ စွပ်စွဲခံထားရသူမှာ အခင်းဖြစ်ပွားပြီးနောက် ဓားဒဏ်ရာအချို့ရရှိခဲ့သည်ကို သိပါသလားဟုမေးမြန်းခဲ့သည်။ သို့သော် တရားလိုပြ သက်သေဖြစ်သော မော်ဒယ် အမျိုးသားက မသိပါဟု ဖြေခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ဆေးရန်ကျန်ရှိသော မော်ဒယ်သရုပ် ဆောင်တစ်ဦးနှင့် အခင်းဖြစ်ပွား စဉ်က စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင် ၀တ်ဆင်ခဲ့သော သွေးပေနေသည့် အင်္ကျီအ၀တ်အစားများကို သိမ်း ဆည်းခဲ့သူ တရားလိုပြသက်သေ တစ်ဦးကို ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day Daily

No comments:

Post a Comment