Wednesday, December 24, 2014

သမုဒ္ဒရာနှစ်စင်းကို ဆက်သွယ်မည့် တူးမြောင်းသစ် နီကာရာဂွါတွင် စတင်ဖောက်လုပ်


အတ္တလန္တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်စင်းအကြား ဆက်သွယ်မည့် တူးမြောင်းသစ် ဖောက်လုပ် ခြင်းကို စတင်လုပ်ဆောင်ပြီဖြစ်ကြောင်း နီကာရာဂွါနိုင်ငံအစိုးရက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။


ယင်းတူးမြောင်းသစ် စတင်ဖောက်လုပ်ခြင်း အခမ်းအနားဖွင့်ပွဲတွင် တူးမြောင်းကို တာဝန်ယူ ဖောက်လုပ်မည့် အိတ်ခ်ျကေအန်ဒီ ကုမ္ပဏီဥက္ကဋ္ဌ ဝမ်ဂျင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယင်းတူးမြောင်း ဖောက်လုပ်ခြင်းမှ သမိုင်းအလှည့်အပြောင်းတစ်ရပ်ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါတူးမြောင်းသစ်သည် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ရေမိုင် ၁၇၂ မိုင် (၂၇၈ ကီလိုမီတာ)ခန့်ရှိမည်ဖြစ်ပြီး လက်ရှိ အသုံးပြုနေသော ပနားမားတူးမြောင်းထက် အလျားမိုင်ပိုရှည်ကာ ရေအနက်လည်းပိုပြီး တူးမြောင်းအကျယ်မှာလည်း ပိုမည်ဖြစ်သည်။

လက်တင်အမေရိကဒေသတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထဲ၌ တစ်ခုအပါအဝင်ဖြစ်သော နီကာရာဂွါနိုင်ငံ၏ သမိုင်းကြောင်းနှင့် စီးပွားရေးကို အဆိုပါတူးမြောင်းသစ်က ပြောင်းလဲပေးနိုင်လိမ့်မည်ဖြစ် ကြောင်း နီကာရာဂွါနိုင်ငံ ဒုတိယသမ္မတ အိုမာဟယ်လီဆေးဗန်းစ်က ပြောကြားခဲ့သည်။

တူးမြောင်းဖောက်လုပ်ပြီးစီးပါက နီကာရာဂွါနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေကြောင်းလုပ်ငန်း၏ ငါးရာခိုင်နှုန်းကို လုပ်ဆောင်ခွင့်ရရှိမည်ဟု မျှော်လင့်ထားပြီး ယင်းလုပ်ငန်း၏ အကျိုးဆက်အဖြစ် နီကာရာဂွါနိုင်ငံ၏ ဂျီဒီပီမှာ နှစ်ဆတိုးတက်လာမည်ဟု ၎င်းကပြောကြားသည်။

ဘီဘီစီ။

No comments:

Post a Comment