Thursday, December 11, 2014

လက်ထောက်ဆရာဝန်များခန့်ထားရန် ဘုတ်အဖွဲ့သုံးဖွဲ့ခွဲ၍ စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်း ခန့်အပ်မည့် လက် ထောက်ဆရာဝန် ရာထူးနေရာ များအတွက် လာရောက်လျှောက် ထားသူ ၃၄၀ကျော်ရှိပြီး ၃၅ဦးသာ ဘုတ်အဖွဲ့သုံးဖွဲ့ခွဲ၍ လူတွေ့စစ် ဆေးရွေးချယ် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် ပထမဆုံးအကြိမ်ခန့် အပ်ခွင့်ပေးခဲ့သော လက်ထောက် ဆရာဝန်ရာထူးအတွက် မိမိတို့ အစိုးရအဖွဲ့က စိစစ်ရွေးချယ်မှု များ ပြုလုပ်မည်မဟုတ်ဘဲ ပြန် တမ်းဝင် အရာရှိရာထူးဖြစ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဦးဆောင်ရွေးချယ် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက် တာမြင့်သိန်းကပြောသည်။

ထိုသို့ ရွေးချယ်စိစစ်ရာတွင် မသမာသော လာဘ်ပေးလာဘ် ယူမှုများပြုလုပ်ခြင်း၊ ရာထူးအာ ဏာများအလွဲသုံးစားပြုလုပ်၍ ခန့် အပ်ခြင်းများရှိလိမ့်မည်မဟုတ် ကြောင်း မိမိအနေဖြင့် ရဲရဲဝံ့ဝံ့အာ မခံပြီး အမှန်တကယ်အရည်အ ချင်းရှိသူများသာ ရွေးချယ်ခံရ မည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ တိုင်းဒေသ ကြီးအတွင်းမှာရှိတဲ့ လစ်လပ်နေ တဲ့ နေရာတွေကို ကျန်းမာရေးဦး စီးဌာနကို တင်ပေးလိုက်ရတာ။ သူတို့ကမှ ဘတ်ဂျu်ရတဲ့အနေ အထားပေါ် မူတည်ပြီးပြန်ချပေး တာ။ ရွေးချယ်တာက ကျွန်တော် တို့အစိုးရအဖွဲ့ကလုပ်မှာမဟုတ် ဘူး။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရယ်၊ ကျန်းမာရေး ၀န်ကြီးဌာနက ပါမောက္ခချုပ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ် တွေက လူတွေ့စစ်မှာ’’ဟု ၎င်းက ပြောသည်။

လူတွေ့စစ်ဆေးမှုများကို ဒီ ဇင်ဘာ ၁၃ရက်မှ ၁၉ရက်အထိ လမ်းမတော်မြို့နယ်ရှိ ဆေးတက္က သိုလ်(၁)တွင် ပြုလုပ်သွားမည် ဖြစ်ကာ ဘုတ်အဖွဲ့သုံးဖွဲ့ခွဲ၍ စစ် ဆေးသွားမည်ဖြစ်သည်။

လူတွေ့စာမေးပွဲအောင်မြင် သူများသည် ရာထူးဝန်အဖွဲ့စည်း မျဉ်းများအရ ဗဟိုဝန်ထမ်းတက္က သိုလ်(ဖောင်ကြီး)တွင် သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး သင် တန်းပြီးဆုံးလျှင် လက်ထောက် ဆရာဝန်အဖြစ် ခန့်အပ်သွားမည် ဖြစ်သည်။

‘‘အဓိကကတော့ တိုက်နယ် ဆေးရုံတွေ၊ ဒေသန္တရကျန်းမာ ရေးဌာနတွေမှာ ခန့်ထားမှာပါ။ ဆရာဝန်မရှိတဲ့ တိုက်နယ်ဆေးရုံ တွေမှာဆို တစ်ယောက်ရရင်တစ် ယောက်ပေါ့။ ဒီလိုခန့်ထားပေ မယ့်လည်း လိုအပ်ချက်တွေကရှိ နေနိုင်ပါသေးတယ်။ ကျန်းမာရေး ၀န်ကြီးဌာနကလည်း ဘတ်ဂျက် ရသလောက်ခွင့်ပြုပေးရတာဆို တော့ တောင်းသလောက်မချပေး နိုင်ဘူး’’ဟု လူမှုရေးဝန်ကြီးကဆို သည်။

လက်ထောက်ဆရာဝန်များ ခန့်ထားနိုင်ရန် တိုင်းဒေသကြီး အစိုးရက အလုပ်ခေါ်ယူကြောင်း ကြော်ငြာများကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းခေါ်ယူခဲ့ ခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment