Monday, December 29, 2014

မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

Photo: မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက်မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုတော်ကြီး ဖြစ်လာမည် ဖြစ်သည်။
ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ်ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီက ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်းအတိုင်း နေပြည်တော်အရောက် သယ်ဆောင်မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar
နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက် မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုတော်ကြီး ဖြစ်လာမည် ဖြစ်သည်။
ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ် ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီက ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်းအတိုင်း နေပြည်တော်အရောက် သယ်ဆောင် မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment