Saturday, January 31, 2015

ဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုရန် ဥပဒေဆိုင်ရာ အကြံ ဉာဏ် ရှေ့နေ ချုပ်ရုံးထံ တောင်းခံထား

Photo: ဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုရန် ဥပဒေဆိုင်ရာ အကြံ ဉာဏ် ရှေ့နေ ချုပ်ရုံးထံ တောင်းခံထား
Saturday, January 31, 2015

ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ ရသည့် ကချင်တိုင်း ရင်းသူ စေတနာ့ဝန် ထမ်းဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် ဥပဒေဆိုင်ရာ အကြံဉာဏ်များကို အစိုးရအဖွဲ့ က ရှေ့နေချုပ်ရုံး ထံတောင်းခံခဲ့ ကြောင်း သတင်းရရှိသည်။

‘‘အမှုကို မူဆယ်မြို့နယ်ရဲ စခန်းမှာ လူသတ်မှု၊ မုဒိမ်းမှုတို့ နဲ့ ဖွင့်ထားပါတယ်။ အမှုတစ်ခုဖြစ် ပြီးဆိုတာနဲ့ ဥပဒေအကြံတောင်းရပါတယ်။ အမှုလည်း စစ်နေပါပြီ။ တရားရုံးမှာတော့ မစစ်ရ သေးပါဘူး။ ဒီရက်ပိုင်းလည်း ကောင်းခါးကျေးရွာမှာ သုံးရက် လောက် ကျွန်တော်တို့ ကွင်း ဆင်းစစ်ဆးပါတယ်။ DNA (မျိုး ရိုးဗီဇစစ်ဆေးချက်) အဖြေက တော့ မရသေးပါဘူး’’ ဟု ရှမ်း ပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

လက်ရှိအချိန်အထိ သံသယ ဖြစ်ခံရသူများ ရှိသော်လည်း တရားခံဟူ၍ ဖမ်းဆီးစစ်ဆေးနေမှုများမရှိကြောင်း ၎င်းက ဆို သည်။

လတ်တလောတွင် ဆရာမ နှစ်ဦးကို သတ်ဖြတ်သူများဟု အင်တာနက် တွင် ဖော်ပြနေသော သတင်းများနှင့်ပတ်သက်၍ တစ် စုံတစ်ရာ ထုတ်ပြန်ပြောကြားရန် မရှိကြောင်းနှင့် တရားခံကို သဲကွဲ စွာ မဖော်ထုတ်နိုင်မီ ထုတ်ဖော် ပြောကြားလိုက်ပါက အမှုကို အ နှောင့်အယှက် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ကောင်းခါးကျေးရွာ လူ သတ်မှုကို တပ်မတော်က အမှု မှန်ပေါ်ပေါက်ရေး အတွက် ပူး ပေါင်းဆောင်ရွက်မှုများ ရှိနေပြီး အမှုကို တပ်မတော်သားများ ကျူးလွန်ခြင်းမဖြစ်နိုင်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်လာပါက တပ်မ တော် အပေါ် စွပ်စွဲပြောဆို ရေး သားနေမှုများကို တရားဥပဒေနှင့် အညီ တုံ့ပြန်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း အစိုးရသတင်းစာ များက ဇန်န၀ါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ကုလသမဂ္ဂ တို့ကလည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ရန် တိုက်တွန်းထားကြပြီး အမှုစတင်ဖြစ်ပွားသည့်နေ့တွင် ရွာသို့ ရောက်ရှိလာသည့် ခလရ (၅၀၃) မှ စစ်ကြောင်းမှူးအပါအ၀င် တပ်မတော်သား ၃၀ ဦးနှင့် အရပ်သား ၁၀ ဦးတို့၏ ဆံပင်နမူနာများ ကို DNA စစ်ဆေးမှုများ ပြုလုပ် ထားသည်။

7 Day Daily
ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် ကချင်တိုင်းရင်းသူစေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် ဥပဒေဆိုင်ရာ အကြံဉာဏ်များကို အစိုးရအဖွဲ့ က ရှေ့နေချုပ်ရုံး ထံတောင်းခံခဲ့ ကြောင်း သတင်းရရှိသည်။

‘‘အမှုကို မူဆယ်မြို့နယ်ရဲ စခန်းမှာ လူသတ်မှု၊ မုဒိမ်းမှုတို့ နဲ့ ဖွင့်ထားပါတယ်။ အမှုတစ်ခုဖြစ် ပြီးဆိုတာနဲ့ ဥပဒေအကြံတောင်းရပါတယ်။ အမှုလည်း စစ်နေပါပြီ။ တရားရုံးမှာတော့ မစစ်ရ သေးပါဘူး။ ဒီရက်ပိုင်းလည်း ကောင်းခါးကျေးရွာမှာ သုံးရက် လောက် ကျွန်တော်တို့ ကွင်း ဆင်းစစ်ဆးပါတယ်။ DNA (မျိုး ရိုးဗီဇစစ်ဆေးချက်) အဖြေက တော့ မရသေးပါဘူး’’ ဟု ရှမ်း ပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

လက်ရှိအချိန်အထိ သံသယ ဖြစ်ခံရသူများ ရှိသော်လည်း တရားခံဟူ၍ ဖမ်းဆီးစစ်ဆေးနေမှုများ မရှိကြောင်း ၎င်းက ဆို သည်။

လတ်တလောတွင် ဆရာမ နှစ်ဦးကို သတ်ဖြတ်သူများဟု အင်တာနက် တွင် ဖော်ပြနေသော သတင်း များနှင့် ပတ်သက်၍ တစ် စုံတစ်ရာ ထုတ်ပြန်ပြောကြားရန် မရှိကြောင်းနှင့် တရားခံကို သဲကွဲ စွာ မဖော် ထုတ်နိုင်မီ ထုတ်ဖော် ပြောကြားလိုက်ပါက အမှုကို အ နှောင့်အယှက် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ကောင်းခါးကျေးရွာ လူ သတ်မှုကို တပ်မတော်က အမှု မှန်ပေါ်ပေါက်ရေး အတွက် ပူး ပေါင်းဆောင်ရွက် မှုများ ရှိနေပြီး အမှုကို တပ်မတော်သားများ ကျူးလွန်ခြင်းမဖြစ်နိုင်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်လာပါက တပ်မ တော် အပေါ် စွပ်စွဲပြောဆို ရေး သားနေမှုများကို တရားဥပဒေနှင့် အညီ တုံ့ပြန်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း အစိုးရသတင်းစာ များက ဇန်န၀ါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ကုလသမဂ္ဂ တို့ကလည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ရန် တိုက်တွန်းထားကြပြီး အမှုစတင်ဖြစ်ပွားသည့်နေ့တွင် ရွာသို့ ရောက်ရှိလာသည့် ခလရ (၅၀၃) မှ စစ်ကြောင်းမှူးအပါအ၀င် တပ်မတော်သား ၃၀ ဦးနှင့် အရပ်သား ၁၀ ဦးတို့၏ ဆံပင်နမူနာများ ကို DNA စစ်ဆေးမှုများ ပြုလုပ် ထားသည်။

7 Day Daily

No comments:

Post a Comment