Tuesday, January 13, 2015

သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲခံရသူအမှု တရားလိုမအား၍ ရက်ချိန်းထပ်ယူ



ဂျီအီးတပ်၏အတွင်း သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲဆိုခံထားရသော ဒုဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏သားအမှု ဒုတိ ယမြောက်ရုံးချိန်းတွင် တရားလို ရဲအရာရှိက အလုပ်မအားသဖြင့် ဇန်န၀ါရီ ၂၈ ရက်သို့ ထပ်မံ ရက် ချိန်းယူခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးမှသတင်းရရှိသည်။

‘‘တရားလိုအမှုစစ်က အလုပ်မအားလို့ ခွင့်ထပ်ယူထား တယ်။ ၂၈ ရက်ပြန်ချိန်းလိုက် တယ်’’ဟု ဒဂုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုဝင်ဘာ ၂၇ ရက်က ဒဂုံမြို့ နယ် အမှတ် (၉၅၄) ဆောက်လုပ် ရေးအင်ဂျင်နီယာဂျီအီးတပ်ဝင်း အတွင်းရှိ အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် ဒုဗိုလ်ချုပ်ကြီး ဟောင်း ကျော်ဘ၏ သားဖြစ်သူ ဦးအောင်အောင်ဦးက ပစ္စတိုသေ နတ်ကိုင်ဆောင်ပြီး သေနတ်တစ် ချက်ပစ်ဖောက်ခဲ့၍ ၎င်းအား အမှု ဖွင့်တရားစွဲဆိုခဲ့သည်။ သို့သော် ဒီဇင်ဘာ ၃၀ ရက်မှစ၍ အမှုစ တင်စစ်ဆေးခဲ့ရာ ယခုဇန်န၀ါရီ ၁၂ ရက်အထိ ရုံးချိန်းနှစ်ခုချိန်းဆို ခဲ့သော်လည်း တရားလိုအမှုစစ် ရဲအရာရှိအလုပ်မအား၍ လာ ရောက် စစ်ဆေးခံခဲ့ခြင်းမရှိ ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကတော့ ဘယ်သူဘယ်ဝါရယ်မရှိပါဘူး။ ဒီနေ့ပျက်ကွက်သွားတာက ကျန် တဲ့အမှုတွေအရေးကြီးတာရှိလို့ မလာနိုင်တာ။ မအားဘူးလို့တင် ပြထားပြီးပြီ’’ဟု တရားလိုအမှုစစ် ဒဂုံမြို့နယ်မှ စခန်းမှူး ဒုရဲမှူး သောင်းစိန်က မီဒီယာများနှင့် တွေ့ဆုံခဲ့စဉ် ဖြေကြားခဲ့သည်။
ယခင်က ကာယကံရှင်ကို အမှုဖွင့်တရားစွဲဆိုရန် ဥပဒေ အကြံပြုအရာရှိထံ အမှုပုဒ်မ ၅ ခုဖြင့် စွဲချက်တင်ခဲ့သော်လည်း ပြစ် မှုမမြောက်၍ ပုဒ်မနှစ်ခုဖြင့်သာ တရားစွဲဆိုရန်ခွင့်ပြုခဲ့သည်။ ယခု အခါအခင်းဖြစ်ပွားခဲ့စဉ်က သေ နတ်၊ ဓား စတီးတုတ်တို့နှင့် အတူ ဖမ်းဆီးမိခဲ့၍ ၎င်းအား လက်နက်ပုဒ်မ ၁၉ (စ)(င)အရလည်း ကောင်း၊ ပြစ်မှုပုဒ်မ ၃၅၃ အရ တာဝန်ဝတ္တရားနှောင့်ယှက်မှုအရ လည်းကောင်း တရားစွဲဆိုခဲ့ သည်
7Day Daily

No comments:

Post a Comment