Monday, January 5, 2015

အေးခဲသည့် မိုးတိမ်တိုက်များကြောင့် လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု အင်ဒို မိုးလေဝသအေ ဂျင်စီပြော

ဂျာကာတာ။ ။ ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားမှ စင်င်္ကာပူသို့ ပျံသန်းခဲ့သော အဲအေးရှား QZ 8501 ပျက်ကျမှု၏ မူလ အရင်းခံ အကြောင်း တရားသည် ရာသီ ဥတုဆိုးရွားမှု ကြောင့်ဖြစ်ပြီး ရေခဲတစ်မျှ အေးခဲသည့် မိုးတိမ်များ အတွင်း ပျံသန်းခဲ့ရမှုက အင်ဂျင်ကို ပျက်စီးစေ ခဲ့ဖွယ် ရှိသည်ဟု အင်ဒိုနီးရှား မိုးလေဝသအေ ဂျင်စီက ပြောသည်။

အဲအေးရှားလေကြောင်းလိုင်းမှ A 320-200လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ မြို့မှ စင်င်္ကာပူသို့ပျံသန်းရာ လမ်းကြောင်းတွင် ပျက်ကျ ခဲ့ခြင်းဖြစ် ပြီး လေယာဉ် ပျက်ကျရခြင်း၏ အကြောင်း ရင်းကို စုံစမ်းသိ ရှိနိုင်ရန် ရှာဖွေ ကယ်ဆယ်ရေး သမားများက ပျံသန်းမှု မှတ်တမ်း အချက် အလက်များ ပါဝင်သည့် ဘလက်ဘောက်ကို ရှာဖွေလျက်ရှိသည်။



လေယာဉ်သည် ထိုစဉ်ကမုန်တိုင်း မိုးတိမ်တိုက်များအတွင်း ပျံသန်းခဲ့ရဖွယ်ရှိပြီး ယင်းနောက် ဆိုးရွားသည့် ရာသီဥတု ကလေယာဉ်ကိုပျက် ကျစေခဲ့ခြင်းဖြစ်နိုင် သည်ဟု အင်ဒို မိုးလေဝသ အေဂျင်စီကပြော ကြားခဲ့သည်။

“လေယာဉ်ရဲ့ နောက်ဆုံး အဆက်အသွယ်ရတဲ့ နေရာက ရရှိခဲ့တဲ့ အချက်အလက်တွေအရ ရာသီဥတုဆိုးရွားမှုက လေယာဉ် ပျက်ကျစေ ခဲ့တာပါ၊ အဖြစ်နိုင်ဆုံး ကတော့ ရေခဲတမျှ အေးခဲခဲ့မှုကြောင့် လေယာဉ် အင်ဂျင်ကို ချို့ယွင်းသွားစေတာပဲ ဖြစ်နိုင်ပါတယ်” ဟု မိုးလေဝသ အေဂျင်စီက ပြောသည်။

လေယာဉ်သည် မုန်တိုင်းကျရောက်နေကို ရှောင်ကြဉ်ရန် အမြင့်ပေ ပိုမို တက်ရောက် ပျံသန်းရန် လေယာဉ်မှူးက ခွင့်ပြုချက်တောင်းခံ ခဲ့သော်လည်း အထက် လမ်းကြောင်းတွင်လည်း အခြားလေယာဉ်များ ရှိနေသောကြောင့် အတည်ပြုချက်မရခဲ့ဟု အင်ဒို လေကြောင်းထိန်းသိမ်းရေး ဌာန ကပြောသည်။

နောက်ဆုံး ဆက်သွယ်ရရှိခဲ့မှုအရ လေယာဉ်မှူးသည် မုန်တိုင်းကို ရှောင်ရှားရန် လမ်းကြောင်းပြောင်းလဲ ပျံသန်းလိုသည် ဟုပြောကြားခဲ့ပြီးနောက်ပိုင်း အဆက် အသွယ် ပြတ်တောင်သွားခဲ့ခြင်းဖြစ်သည်။

အဲအေးရှား လေယာဉ်၏ အစိတ်အပိုင်းများကို ဘော်နီယိုကျွန်း အပြင်ဘက် ပင်လယ်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသေးသည် ရုပ်အလောင်းများနှင့် အဓိကကျသော လေယာဉ် ဘလက်ဘောက်တို့ကို မကြာမီတွေ့ရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။ လက်ရှိအချိန်ထိ ရုပ်အလောင်း ၃၀ အထိ တွေ့ရှိထား ပြီဖြစ်သည်။

Ref: AFP

No comments:

Post a Comment