Monday, January 5, 2015

KIA အဖွဲ့မှ ဒေသခံသစ်စက်ပိုင်ရှင်များအား ဆက်ကြေးကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ တိန်းဆန့်ကျေးရွာတွင် သစ်စက်လုပ်နေသော လုပ်ငန်းရှင်များအား ဇန်နဝါရီလ ၂ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း သိရသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၀ ကျော်လောက်ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦးက ပြောသည်။

တိန်းဆန့်ကျေးရွာသို့ KIA အဖွဲ့သည် အင်အား ၁၀ ခန့်ဖြင့် ရောက်လာပြီး သစ်စက်လုပ်နေသော လုပ်ငန်း ရှင်များ ထံမှ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ကောက်ခံသွားကြောင်း သိရသည်။
“လုပ်ငန်းရှင်တွေကတော့ ဆက်ကြေးလာတောင်းတယ်ဆိုတော့ မပေးလို့မှမရတာ။ တစ်ယောက်ကို ၁ လစာ ၅ သောင်းလောက် ပေးလိုက်ရတယ်လို့ကြားတယ်”ဟု ဝိုင်းဆရာတစ်ဦးပြောသည်။
ယခုလို KIA အဖွဲ့နေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏဆက်ကြေးကောက်ခံလျက်ရှိပြီး ရိက္ခာ စုဆောင်းခြင်းများ၊ လူသစ်စုဆောင်းခြင်းများကို အစဉ်တစိုက်ပြုလုပ်လျက်ရှိနေသောကြောင့် ဒီဒေသ ငြိမ်းချမ်းရေးက အလှမ်းဝေးနေအုံးမယ်ထင်တယ်လို့ ဒေသခံသစ်လုပ်ငန်းရှင် တစ်ဦးကပြောသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကမ်းလှမ်းနေသော်လည်း KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး မယူချင်သောကြောင့် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများအပေါ်ကို အနိုင်ကျင့်ဗိုလ်ကျလျက်ရှိကြောင်း၊ ယခုလို အနိုင်ကျင့်မှုများကြောင့် ဒေသခံတိုင်းရင်းသားများက KIA အဖွဲ့အပေါ် ရွံ့ရှာ မုန်းတီး လာနေကြကြောင်း မိုးညှင်းမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
Credit:ဇော်လွှမ်းအောင်

No comments:

Post a Comment