Tuesday, January 13, 2015

တရားစွဲခံရသော ဘားဆိုင်မန်နေဂျာ၏ အတူနေချစ်သူက အမှုကိုအေးအေးချမ်းချမ်း ပြီးစေလိုကြောင်းလျှောက်လဲ


ပုဒ်မသုံးခုဖြင့်တရားစွဲခံ ထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာ ဖီးလစ်၏ အတူနေစေ့စပ်ထားသူက ၎င်းတို့ မိသားစုအတွက် မြန်မာနိုင်ငံ သည် အထူးနေရာတစ်ခုဖြစ်သော ကြောင့် ရင်ဆိုင်နေရသောအမှု ကို အေးအေးချမ်းချမ်းပြီးစေလို ကြောင်း ဗဟန်းမြို့နယ်တရားသူ ကြီးထံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ် တပ်ထားသည့်ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်၍ ကြော်ငြာ ခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရား စွဲဆိုခံထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာနယူး ဇီလန်နိုင်ငံသားဖီးလစ်၊ ဆိုင်ပိုင် ရှင်ထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ် ကိုကိုလွင်တို့ကို ဇန်နဝါရီ ၁၂ ရက်က ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့သည်။

ရုံးထုတ်စစ် ဆေးရာတွင် နယူးဇီလန်နိုင်ငံသား ဖီးလစ်၏ သက်သေနှစ်ဦးဖြစ်သော ဇနီးဖြစ်သူလုံမီနှင့် ၎င်း၏ သူငယ်ချင်းက တရားခံပြသက်သေအဖြစ် ထွက်ဆိုပေးခဲ့ကြသည်။
ဖီးလစ်၏ ဇနီးဖြစ်သော ဖီ လစ်ပိုင်နိုင်ငံသူလုံမီက ၎င်းတို့ ဇနီးမောင်နှံသည် မြန်မာနိုင်ငံတွင် တွေ့ရှိပြီး မြန်မာနိုင်ငံတွင်စေ့စပ် ထားကာ မြန်မာနိုင်ငံသည် ၎င်းတို့ မိသားစုအတွက် အထူးနေရာတစ် ခုဖြစ်သောကြောင့် အမြဲတမ်းနေ ထိုင်လို၍ အမှုရင်ဆိုင်နေရသော ၎င်း၏ခင်ပွန်းအမှုကို အေးအေး ချမ်းချမ်းဖြင့်ပြီးစေလိုကြောင်း ဗဟန်းမြို့နယ်တရားသူကြီးထံ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ် သည်။
ဖီးလစ်သည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ကုမ္ပဏီ တစ်ခုတွင် လွန်ခဲ့သောလေးနှစ် ခန့်ကတည်းက နေထိုင်လုပ်ကိုင် နေသူဖြစ်ကြောင်း ၎င်း၏ဇနီးလုံမီ ကပြောသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည့်သုံးနှစ်ခန့်က မြန်မာ နိုင်ငံတွင်တွေ့ရှိ၍ ချစ်ကြိုက်ကာ စေ့စပ်ပေါင်းသင်းနေထိုင်နေကြ ကြောင်း လုံမီကပြောသည်။ ၎င်း တို့တွင် လေးလအရွယ် သမီး တစ်ဦးရှိကြောင်းပြောသည်။
ခင်ပွန်းသည်ဖီးလစ်သည် မြန်မာနိုင်ငံ၏ လူနေမှုပုံစံနှင့် သဘာဝကို သဘောကျသော ကြောင့် နေထိုင်နေခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များစိတ်ပျက်စေ မည့်အရာကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်လိုက်ခြင်း မဟုတ်ကြောင်း လုံမီကတရားရုံး တွင်ထွက်ဆိုခဲ့သည်။
ဇန်နဝါရီ ၁၂ ရက်က ရုံး ထုတ်စစ်ဆေးရာတွင် ဖီးလစ်၏ တရားခံပြသက်သေနှစ်ဦးနှင့် ပုဒ်မ ၁၈၈ ဖြင့်စွဲဆိုထားသည့် တရားလိုပြသက်သေနှစ်ဦးတို့ကို စစ် ဆေးခဲ့သည်။ ခြောက်ကြိမ် မြောက်ရုံးချိန်းကို တရားသူကြီးက ဇန်နဝါရီ ၂၂ ရက်တွင် ထပ်မံ ချိန်းဆို လိုက်ကြောင်း သတင်းရရှိသည်။
ဖီးလစ်သည် ဗုဒ္ဓရုပ်ပွားတော်အား နားကြပ်တပ်ထားသောပုံကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင် ခြင်းမဟုတ်သောကြောင့် ၎င်း တွင်အပြစ်မရှိကြောင်း တရားရုံး တွင် ထွက်ဆိုထားသည်။ ဆိုင်ပိုင် ရှင်ထွန်းသူရိန်နှင့်မန်နေဂျာထွဋ် ကိုကိုလွင်တို့ကလည်း အဆိုပါပုံ သည် ဖီးလစ်သာလျှင်ပြုလုပ်ခဲ့ ခြင်းဖြစ်သောကြောင့် ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။
ယင်းအမှုကိစ္စနှင့်ပတ်သက် ၍ အထွေထွေမန်နေဂျာနယူးဇီ လန်နိုင်ငံသားဖီးလစ်ကို ဒီဇင်ဘာ ၂၆ ရက်က စစ်ဆေးခဲ့ရာ ဗုဒ္ဓရုပ် ပွားတော်အား နားကြပ်တပ်ထား သောပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ တင်ခဲ့သည့်ကိစ္စကို အခြားသူများ မသိဘဲ ၎င်းတစ်ယောက်တည်းပြု လုပ်ခြင်းဖြစ်သည်ဟု ဝန်ခံထားပြီး ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်း မဟုတ်သောကြောင့် ၎င်းတွင် အပြစ် မရှိ ကြောင်းငြင်းဆိုထားသည်။
ဒီဇင်ဘာ ၁၀ ရက်ညနေတွင် ဘုရားပုံဖြင့်ကြော်ငြာသော အဆို ပါဆိုင်ကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ က ယာယီပိတ်ထားလိုက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကို လူမှုကွန်ရက်သို့ တင်ပြီး ကြော် ငြာခဲ့သည့်ဆိုင်အထွေထွေ မန်နေ ဂျာနယူးဇီလန်နိုင်ငံသားတို့ သုံး ဦးကိုဖမ်းဆီး၍ ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ဘားဆိုင်ဝန်ထမ်းများကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment