Monday, January 19, 2015

ဆိုင်ကယ် လုယက်သော အမျိုးသားနှစ်ဦးကို အမျိုးသမီး တစ်ဦးတည်းက ပြန်လည်ခုခံ


ဆိုင်ကယ်လုယက်ရန် ကြိုးစားသည့်အမျိုးသားနှစ်ဦးကို အမျိုးသမီးတစ်ဦးက ပြန်ခုခံသော ကြောင့် လုယက်သူနှစ်ဦးမှာ ပစ္စည်းမရဘဲ သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွား၍ အမျိုးသမီး၏ လက် မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။

အမှုမှာမွန်ပြည်နယ် လမိုင်းမြို့၊ တောင်ဘုံကျေးရွာတွင် ဇန်န၀ါရီ၁၇ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ တစ်ဦးကပြောသည်။တောင်ဘုံကျေးရွာမှ အသက် (၃၆)နှစ်အရွယ် မခင်မျိုးမြင့်သည် တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင် လာစဉ် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကို လိုက်လံ လုယူခြင်းဖြစ် သည်။ မခင်မျိုးမြင့်က ပြန်လည်ခုခံခဲ့သဖြင့် ထိုအမျိုးသားနှစ်ဦးက ဆိုင်ကယ်ကို ထားခဲ့ကာ သေနတ်ဖြင့် ပစ်၍ ပြေးခြင်းဖြစ်ကြောင်း လမိုင်းမြို့ရဲစခန်းမှ အမှုစစ်ရဲ အရာရှိကပြောသည်။


‘‘အမျိုးသားနှစ်ယောက်ပေ မယ့် ဆိုင်ကယ်ကို မပေးဘဲ ပြန်ခု ခံတာဗျ။ လုတဲ့သူတွေက သေ နတ်နဲ့ ပစ်ပြေးတာ။ နယ်မြေရဲ တပ်ဖွဲ့ချင်း ချိတ်ဆက်ပြီး ဖမ်းနိုင် ဖို့ လုပ်နေပါတယ်’’ဟုအဆိုပါရဲ အရာရှိက ပြောသည်။

မခင်မျိုးမြင့်မှာ လက်ဝဲဘက် ပခုံးအောက်တွင် သေနတ်ကျည် ဒဏ်ရာတစ်ချက်ရခဲ့ပြီး မော်လ မြိုင်ဆေးရုံကြီး၌ ကုသနေရကာ အဆိုပါအမှုကို လမိုင်းရဲစခန်း တွင် လုယက်မှုပုဒ်မ ၃၉၄ဖြင့် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment