ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး သဘောတူညီချက် ရလာ နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်း အတာ နဲ့ အပစ် အခတ်ရပ်စဲရေးကို လာမဲ့ မတ်လအတွင်းမှာ လက်မှတ်ရေး ထိုးနိုင် လိမ့်မယ်လို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းထားပေမဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေဘက်က စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ထက် နိုင်ငံရေးအာမခံချက်တစ်ခုခုကို သဘောတူညီမှုရလိုကြောင်း ၊ ဒီသဘောတူ ညီချက်ကသာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အထောက်အ ပံ့ဖြစ်စေနိုင်ကြောင်းလည်း သူက ပြောပါတယ်။
RFA Burmese
No comments:
Post a Comment