Tuesday, January 27, 2015

၂၆-၁-၂၀၁၅ မှ ၁-၂-၂၀၁၅ ထိ ၇ ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ 


ရည်ရွယ်ချက် ရှိနေတာရော မရှိနေတာပါ လုပ်ဆောင်မှု့ များအောင်မြင်မှု့ တွေရနေပါလိမ့်မည်။အချစ်ရေး ကလွဲလို့ပါ။ အချစ်ရေးကတော့ ခန့်မှန်းရခက်လောက်အောင် ချစ်သူရဲ့ လှည့်စားမှု့ ခံရလိမ့်မည်။ မိုးတိမ်လိုရွာမယ်လို့ အုံ့မှိုင်း ပြသော်လည်း မရွာတတ်သလို ပေါ့။ သင့်အနေဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချရမှန်းမသိ ဖြစ်နေမည်။ အလုပ်ကိစ္စ ရာထူးတက်၊ လစာတိုးခြင်း ၊ ခရီးသွားရခြင်း ၊ အကြီးအကဲ ငြိုငြင်မှုအဆင်ပြေခြင်းတို့ဖြစ်မည်။ အင်တာဗျုးများ ၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ သူများ အောင်မြင်ပါလိမ့်မည်။

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၆။

အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ - တနင်္ဂနွေနံနက်မှာ အောင်သပြေ (၁၉) ညွန့် ကို အိမ်ဘုရားကပ်၍ ဆုတောင်းပါ။

တနင်္လာ

ဤတပတ်မှာတော့ သင်ဂရုစိုက်နေပါ။ အလိမ်အညာခံရပါလိမ့်မည်။ သင်ဘက်ကလည်း ကတိပျက် တာလေးတွေ ဖြစ်လာတတ်တယ်။ ဆန္ဒမစောနှင့် မလောနှင့်။ နောက်ပြီး အရာရာ စိတ်မဆိုးနှင့်။ စိတ်ဆိုးစရာလေးတွေ ကြုံတွေ့လာပါလိမ့်မည်။ ကောက်တတ်လျှင် တော့ သတိထားပါ။ စိတ်ကိုဖြောင့်ထားပါမှ တော်ရုံကျမည်။ အလုပ်တွေ ပုံကျလာပါလိမ့်မည်။ စိတ်များ အလုပ်များ၍ မမရှပ်ပြာဖြစ်ရမည့် ကာလ ဟုတ် မှတ်ပါ။ တခါတလေ မအားရာ အနာပေါက် ဆိုတာလို ကြားဖြတ် အလုပ်ကိစ္စ လေးတွေ ပေါ်လာလိမ့်ဦးမည်။ တစ်ခုတော့ ဂရုစိုက်ပါ ဟိုဟာလုပ်ဒီဟာလုပ် ဖြစ်နေတာ ၊ ပိုက်ဆံအိတ်မေ့ကျန်တာမျိုး ၊ ပစ္စည်းကျခဲ့တာမျိုး ငွေပိုအမ်းမိတာမျိုးတွေ ဖြစ်နေမည်။အချစ်ရေးကလည်း ကြားဖြတ်ပေါ်လာလိမ့်မည်။

အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။

အထူးဟော - ဘယ်လိုရှုပ်ရှုပ် သင့်ဘက်က အောင်မြင်မှု့တွေရနေမှာပါ။

ယတြာ - တနင်္လာနေ့တွင် ငါးလေးတွေ သက်စေ့ ၀ယ်လွှတ်ပေးလိုက်ပါ။

အင်္ဂါ

ဟိုဟာတစ်မျိုး ဒီဟာတစ်မျိုး မလုပ်နှင့်။ တစ်ခုဆိုတာတစ်ခု ဒါဆိုဒါ ၊ ဟိုဟာ မလုပ်နဲ့ ၊ ကျန်းမာရေး လေး ဂရုစိုက်ပါအုံး။ ချူချာတတ်ပါတယ်။ ချစ်နေသူရဲ့ အမုန်းစကားများကြားရပါတတ်ပါတယ်။ မချစ်သေးသောသူရဲ့ ချစ်ခွန်းသံတွေကြားရပါလိမ့်မည်။ အတိုက်အခံ လေးတွေ ပေါ်လာမှာပါ။ ဒါပေမဲ့ သင်ကျော်နိုင်ပါတယ်။ သင့်ရဲ့ လျို့ဝှက်ချက် တွေ ဖော်ထုတ်သူ ပေါ်လာလိမ့်မည်။ ဒါပေမဲ့ သင့်မှာ အပြစ်ရှိသော်လည်း မည်သူမှ မပြောရဲကြပါဘူး။ ခရီးဝေးတွေ ရောက်မည်။ ရည်ရွယ်ချက်တွေ အောင်မြင်လာမည်။ စီးပွားရေး ၀င်ငွေကောင်းလာမည်။ ငွေကြေးကိစ္စ စကားပြောရမည်။

အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။

အထူးဟော - အဆင်ပြေပါတယ်။

ယတြာ - အင်္ဂါနံနက်တွင် ထောပတ်ဆွမ်းကပ်လှူပြီးဆုတောင်းလိုက်ပါ။

ဗုဒ္ဓဟူး

ဤတပတ် ဗုဒ္ဓဟူးသားသမီး တို့ ကံကောင်းပြီ။ ရွှေဆိုရွှေ ၊ ငွေ ဆိုငွေ ရကိန်းရှိနေပါတယ်။ ဒါကြောင့် ထီထိုးဖို့ လုံးဝမမေ့ကြပါနှင့်။ ကြိုက်ဆုံးဂဏန်း ကတော့ ၄၄၄ ပူးတာမျိုး ၈၈၈ ပူး တာမျိုးထိုးပါ။ အက္ခရာကတော့ ရ ၊ ယ ၊ လ၊ ဝ ဖြစ်ပါတယ်။ ဂဏန်း ၁၆ လုံး ဖြစ်၍ အပူး ၃ လုံးကို ရှေ့ကထားထိုးသင့်ပါတယ်။ ဒါမှမဟုတ် လျှင် ကိုယ်ကြိုက်တာကိုထိုးပါ။ ပေါက်ဂဏန်း ထိုးမိပါလိမ့်မည်။ ပေါက်လျှင် သာဿနာ တစ်ချို့ပြုလိုက်ပါ။ ဆက်တိုက်ပေါက်တတ်ပါတယ်။ အချစ်ရေးကောင်းပါတယ်။ အလုပ်အကိုင်ကောင်းပါတယ်။ ပညာရေးကြိုးစားမှု့ ကောင်းနေတယ်။ စာကြည့်ရင်းစိတ်မငြိမ်ဖြစ်နေ၍ တရားထိုင်ပေးပါ။ အလုပ်ကိစ္စ ရာထူးတက် လစာတိုးမည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ မိဘ ၊ ဘိုးဘွားထံက ဆု (သို့မဟုတ်) အမွေ တစ်စုံတစ်ရာရပါလိမ့်မည်။

အကျိုးပေးဂဏန်း - ၄၊ ၉၊ ၆။

အထူးဟော - သင်ကံကောင်းနေတယ်။ 

ယတြာ - ဗုဒ္ဓဟူးနေ့ တွင် မြတ်စွာဘုရားကို ရေသက်စေ့ ရေသပ္ပါယ် ၍ လိုရာဆုတောင်းပါ။

ကြာသပတေး

မပြောမပြီး ၊ မတီးမမြည် ဆိုတာလို ပြောမှ ပြီးရမည့်ကိစ္စပြောချလိုက်ပါ။ စိုးရိမ်စိတ်တွေ တွေးပူနေတဲ့ စိတ်တွေ ဘေးဖယ်လိုက်ပါ။ သွားရမည့် ခရီးလည်း သွားလိုက်ပါ။ လုပ်ရမည့် အလုပ်လည်း လုပ်လိုက်ပါ။ ဘာလို့လည်းဆိုလျှင် သင့်ကံက သူတစ်ပါး ရဲ့ အပြစ်တင်ခြင်းခံရတတ်လို့ပါ။ အလုပ်ပြောင်း လဲမှု့ အချစ်ရေး ပြောင်းလဲမှု့ ၊ အစီအစဉ်ပြောင်းလဲမှု့ တွေ ဖြစ်မည်။ ပညာရေးဆိုလျှင် လည်း သင်ယူနေသော ကျောင်း (သို့) ဆရာ (သို့) နေရာပြောင်းလဲမှု့ တွေ ဖြစ်နေမည်။ ပြောင်းချင်ရာပြောင်းနိုင်သော်လည်း ဘုမ္မိကျသော အရှေ့ မြောက် ဒေါင့်အရပ် ကိုတော့ မပြောင်းလိုက် နှင့် နောက် ကောင်းနေသော ကံ ၊ ဆိုး သွားလိမ့်မည် ဖြစ်ပါတယ်။

ကံကောင်းဂဏန်း - ၅၊ ၀၊ ၂။

အထူးဟော - အရာရာအောင်မြင်ပါတယ်။

ယတြာ - ကြာသပတေးနံနက်တွင် အောင်သပြေ ၁၉ ညွန့် အိမ်ဘုရား ကပ်လှူပါ။

သောကြာ

မျှော်လင့်ချက်တွေ ၊ စောင့်ဆိုင်းချက်တွေ ၊ စီမံကိန်း တွေများနေတတ်တယ်။ ဘယ်အရာ မှ ပုံသေမတွက် နှင့်။ ကံပေးသလို ဖြစ်လာမှာပါ။ သင့်ကံက ဤတပတ်မှာ ဟိုဟာလုပ်တော့ ဒီဟာဖြစ်ပြီး ဒီဟာလုပ်တော့ ဟိုဟာက ဖြစ်ဆိုတာလို ဖြစ်နေမည်။ သူ့လူ ကိုယ်ဘက်သား တွေရှိနေမည်။ လူယုံ ထားပြီး မတိုင်ပင်နှင့်။ အခက်အခဲ တွေ့လာလျှင် ထန်းလျက်ခဲ တစ်လုံးကို စားပြီး ကြံစည် တွေးတောလိုက်ပါ အကြံကောင်းရလာပါလိမ့်မည်။ ပညာရေးအောင်မြင်ပါတယ်။ ထူးချွန်ဆုတွေရပါလိမ့်မည်။ လေနေသော စိတ်ကို ငြိမ်အောင်ထားပြီး စာကြည့်ပါ။ ဒီတပတ်ထီကံပါတယ်။ ထီထိုးပါ။ ပေါက်ကိန်းရှိပါတယ်။ ၈ ထိပ် ၊ ၆ ထိပ် ၊ ၁ ထိပ် တွေ ထိုးပါ။ အရှေ့တောင်အရပ်က ထီဆိုင်ကို မထိုးနှင့်။ အလုပ်ကိစ္စ ၊ အချစ်ရေးကိစ္စ တို့ အပြောင်းအလဲ ဖြစ်မည်။ လက်ဆောင်လေးတွေ ရမည်။

ကံကောင်းဂဏန်း - ၂၊ ၄၊ ၃။

အထူးဟော - အောင်မြင်ပါပြီ။

ယတြာ - သောကြာနေ့နံနက်တွင် အုန်းပန်း ကို ဘုရား ကပ်လှူပါ။

စနေ

ကံဇာတာတက်နေသော ကာလဖြစ်ပါတယ်။ ကံကောင်းနေသောကာလဖြစ်အောင်မြင်လိုသော အလုပ်ကိစ္စ များ ၊ စီးပွားရေး ရောင်းဝယ်မှု့များ ၊အဆောက်အဦး ဆောက်လုပ်မှု့များ ပြုလုပ်ပေးပါ။ ခရီးဝေးယာယီတွေ ရောက်ဖြစ်ပါတယ်။ လမ်းခရီးအန္တရာယ် လုံးဝမရှိပါ။ ခြေ ၊ လက် အဖျားပိုင်းများ ဂရုစိုက်ပါ။ ထိခိုက်ရှနာ မှု့ ဖြစ်ပါမည်။ အချစ်ရေးအဆင်ပြေပါမည်။ သို့သော် ချစ်သူက တစ်မျိုး ၊ သားချင်းမိဘက တစ်မျိုး ဖြစ်နေ၍ မင်္ဂလာရက်ရွှေ့ရတတ်တယ်။ လက်ဆောင် လေးတွေရမည်။ စာမေးပွဲ ပညာရေးထူးချွန် စွာအောင်မြင်မည်။ အားလုံးဖြေနိုင်မည်။ အင်တာဗျူးဖြေပါ။ အလုပ်ရမည်။ မြောက်ဘက်လှည့်မဖြေနှင့်။

အကျိုးပေးဂဏန်း - ၇၊ ၉၊ ၀။

အထူးဟော - ကံကောင်းပါတယ်။

ယတြာ - စနေနေ့နံနက်တွင် ထီးနီ (၇) လက်ကို ဖွင့်၍ ကပ်လှူပါ။ ဆုတောင်းပါ။ ပြည့်ဝပါလိမ့်မည်။

ရွှေမြန်မာမီဒီယာ

No comments:

Post a Comment