Tuesday, January 27, 2015

ခွေးကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့ပတ်စီးနင်းမှုကို နေ့စဉ်ပြုလုပ်တဲ့ အဘိုးအို

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ အသက်(၅၉) နှစ်အရွယ်ရှိ အဘိုးအိုးဟန်ဒိုကိုဟာ ထူးခြားတဲ့ အပြုအမူတစ်ခုကို နေ့စဉ်ပြုလုပ်လေ့ ရှိပါတယ်။ အဲဒါကတော့ ခွေးကို သူ့ရဲ့ဆိုင်ကယ်ပေါ်တင်ရှိပြီး မြို့ပတ်စီးနင်းခြင်းပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဆူရာဘာယာမြို့မှာတော့ ဟန်ဒိုကို မသိတဲ့သူ မရှိပါဘူး။ နေ့စဉ်ဆိုင်ကယ်စီးရာမှာ ခွေးတစ်ကောင်အမြဲတမ်း ပါဝင်လာခဲ့တာမို့ အားလုံးက သူ့ကိုမှတ်မိနေကြ ပါတယ်။ ဟန်ဒိုကိုဟာ ခွေးတွေကို အလွန်ချစ်သူဖြစ်ပါတယ်။ သူ့မှာ ခွေးငါးကောင်ရှိပြီး၊ နှစ်ကောင်ကတော့
ဆိုင်ကယ်စီးနင်းနိုင်မှုကို ပြုလုပ်နိုင်ပါတယ်။ ဆိုင်ကယ်စီးနင်းမှုကို ပြုလုပ်နိုင်တဲ့ ခွေးနှစ်ကောင်ရဲ့ အမည်ကတော့ အေ့စ်နဲ့ အာမာနီတို့ ဖြစ်ကြပါတယ်။ ဟန်ဒိုကိုဟာ ခွေးကို ဆိုင်ကယ်ဦးထုပ်နဲ့ မျက်မှန်တပ်ပြီး စီးစေခဲ့ တာဖြစ်ပါတယ်။ ခွေးဟာ သူ့ရဲ့ ပခုံးကိုမှီပြီး နောက်ထိုင်ခုံမှာ စီးနင်းမှုပြုလုပ်ပါတယ်။ ချစ်စ ရာကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။

The Messenger

No comments:

Post a Comment