Tuesday, January 13, 2015

မန္တလေးတွင် တရားမ၀င် ဆေးခန်းဖွင့်သည့် တရုတ်နိုင်ငံသားများအား အမှုစစ်နိုင်ရန် လိုအပ်လျှင် နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အကူအညီရယူမည်


မန္တလေးမြို့ တော်ဝင် နှင်းဆီပုဂ္ဂလိကဆေးရုံတွင် တရားမ၀င်ဆေးခန်းဖွင့်လှစ် သဖြင့် အမှုဖွင့်ခံထားရကာ တိမ်းရှောင် နေသည့် တရုတ်နိုင်ငံသားများ အား အမှုစစ်ဆေးနိုင်ရန် လိုအပ် လျှင် နိုင်ငံတကာရဲတပ်ဖွဲ့ (Inter-pol) ၏ အကူအညီ ရယူသွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ဘူတာကြီးအနီး ရှိ တော်ဝင်နှင်းဆီဆေးရုံသုံးလွှာ တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အ တွင်းက တရုတ်နိုင်ငံသား ခြောက် ဦးသည် တရားမ၀င်ဆေးဝါး ကုသမှုများပြုလုပ်ခဲ့သည်။


ထို့ကြောင့် တရုတ်နိုင်ငံ သား ခြောက်ဦးနှင့် တော်ဝင်နှင်း ဆီဆေးရုံပိုင်ရှင်တို့ကို ဇန်န၀ါရီ ၁ ရက်မှစတင်၍ မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

သို့သော် အမှုဖွင့်ခံရသည့် တရုတ်နိုင်ငံသားများ တိမ်းရှောင် နေသဖြင့် အမှုစစ်ဆေးနိုင်ခြင်းမ ရှိသေးဘဲ ဖြစ်နေသည်ဟု မန္တ လေးခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ကြီး စိန်ထွန်းက ပြောသည်။

‘‘အမှုဖွင့်ချိန်ကတည်းက တရုတ်တွေက မရှိတော့တာ။ သူ တို့ကို စစ်ဆေးနိုင်ဖို့ သံရုံးတွေ၊ အထက်ဌာနအဆင့်ဆင့်တွေ တင်ပြပြီး ဆက်လုပ်မယ်။ လိုအပ် ရင် အင်တာပိုနဲ့ ဆက်သွယ်ပြီး လုပ်မယ်။ လက်ရှိတော့ သက် သေတွေကို စစ်ဆေးပြီး အမှုတွဲ ခိုင်မာအောင် တည်ဆောက်နေ တယ်။ ရဲတပ်ဖွဲ့အနေနဲ့ အမြန် ဆုံးစစ်ဆေးပြီး အကြံပြုချက် တောင်းပြီး ဆက်လုပ်မှာပါ’’ ဟု ဒု-ရဲမှူးကြီး စိန်ထွန်းက ပြော သည်။

မန္တလေးမြို့တွင် လနှင့်ချီ ကာ တရားမ၀င်ဆေးခန်းဖွင့်လှစ် ခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ခြင်း မရှိသေးမီ တရုတ်နိုင်ငံသားများ တိမ်းရှောင်သွားမှုအတွက် ဌာန ဆိုင်ရာများ၏ လုပ်ဆောင်မှုအ ပေါ် မန္တလေးမြို့ခံများက ဝေဖန် မှုများရှိနေသည်။

တရုတ်နိုင်ငံသားများသည် ဗီဇာသက်တမ်းကုန်ချိန်ကတည်း က ထပ်မံသက်တမ်းမတိုးဘဲ တိမ်းရှောင်သွားသည့် သဘော ဖြစ်သည်ဟု ဒု-ရဲမှူးကြီးစိန်ထွန်း ကပြောသည်။ တရုတ်နိုင်ငံသားများသည် တံတားဦးလေဆိပ်မှတစ် ဆင့် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်နိုင်ပြီး ထိုသို့ တိမ်းရှောင်သွား မှုအတွက်လည်း လ.၀.ကမှ လို အပ်သည့် စစ်ဆေးမှုများ လုပ် ဆောင်နေသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့အနေဖြင့် တိမ်းရှောင်နေ၍ရမည်မဟုတ်ဘဲ အမှုရင်ဆိုင်ရမည်ဖြစ်ပြီး ကျူး လွန်ပါက ဥပဒေကချမှတ်သည့် ပြစ်ဒဏ်ကို ကျခံရမည်ဖြစ်သည် ဟု ဒု-ရဲမှူးကြီးစိန်ထွန်းက ဆို သည်။

လက်ရှိအချိန်တွင် အမှုဖွင့် ခံရသည့် တော်ဝင်နှင်းဆီဆေးရုံ ပိုင်ရှင်များမှာလည်း နေအိမ်တွင် မရှိဘဲ တိမ်းရှောင်နေသည်ဟု ဒု- ရဲမှူးကြီးစိန်ထွန်းကပြောကြားပြီးအမှုဖွင့်ခံရသူအားလုံးကို တစ်ပြိုင်နက် စစ်ဆေးမည်ဟု ဆိုသည်။

တော်ဝင်နှင်းဆီဆေးရုံ သုံး လွှာတွင် Health News ဆေးခန်း ဖွင့်သော တရုတ်နိုင်ငံသား ခြောက်ဦးနှင့် ဆေးရုံပိုင်ရှင်တို့ အား ဆေးကုသရာတွင် ညစ်ညမ်း သော စာရွက်စာတမ်းများနှင့် ညစ်ညမ်းရုပ်ပုံများ ဖြန့်ချိဝေငှ ခြင်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း၊ မြန် မာနိုင်ငံဆေးကောင်စီမှ ထုတ်ပေး သော ဆေးကုသခွင့်လိုင်စင်မရှိ ဘဲကုသခြင်း၊ သက်ဆိုင်ရာအဖွဲ့ များ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလိုင်စင် လွှဲပြောင်းငှား ရမ်းခြင်း၊ ဗီဇာစည်းကမ်းဖောက် ဖျက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြစ် မှုပုဒ် ၄၁/၄၂၊ လ.၀.က အက်ဥပ ဒေ ၁၃(၁) တို့ဖြင့် ချမ်းအေးသာစံ မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထား သည်။

7daydaily

No comments:

Post a Comment