Tuesday, January 13, 2015

အစိုးရက အပစ်ရပ်လက်မှတ်ထိုးရန် မိမိတို့အဖွဲ့ကို အသိအမှတ်မပြုခြင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း အကြောင်းရင်းတစ်ခုဟု ကိုးကန့်လက်နက်ကိုင် အဖွဲ့ပြော


ကိုးကန့်လက်နက်ကိုင် အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ်မတော် (MND-AA) အနေဖြင့် အစိုးရတပ်မတော် နှင့် ပြန်လည်ရင်ဆိုင်တိုက်ခိုက် တော့ မည်ဟု သတင်းထွက်ပေါ် လာရခြင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာတွင် ပါဝင်လက်မှတ်ထိုးရန် ၎င်းတို့ ဘက်က အဆင်သင့်ရှိသော်လည်း အစိုးရဘက်က အသိအမှတ် မပြုခြင်းမှာ အချက်တစ်ချက် အဖြစ်ပါဝင်ကြောင်းMNDAA က ပြောကြားလိုက်သည်။


MNDAA အနေဖြင့် ဆွေး နွေးသည့်လမ်းစဉ်ကို လိုက်လို သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တပ် ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC)နှင့် တစ် နိုင်ငံလုံး အတိုင်းအတာ အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့တွင် အဖွဲ့ ဝင်အဖြစ် ပါဝင်ထားသော်လည်း အစိုးရဘက်ကမူ အသိအမှတ် မပြုကြောင်း MNDAA က ဆိုသည်။

‘‘ကျွန်တော်တို့လည်း လက်မှတ်ထိုးချင်ပါတယ်။ အကယ်၍ NCCT နဲ့ UPWC ပေါ့ဗျာ။ ညှိနှိုင်းမယ်။ ပြီးတော့ NCA ထဲမှာပါသင့်တဲ့အချက် အလက်တွေအားလုံးပါလာပြီဆိုရင် ကျွန်တော်တို့လည်း လက်မှတ်ထိုးဖို့ရှိပါ တယ်။ အဆင်သင့်ပါ။ ဒါပေမဲ့ အဲဒါထိုး ဖို့က နိုင်ငံတော်အစိုးရကလည်း အသိအမှတ်ပြုမှရမှာပေါ့ဗျာ။ နို့ မဟုတ်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့’’ဟု MNDAA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖုန်အားတီက ပြောသည်။

ဆက်လက်ပြီး ၎င်းက ‘‘ဆွေး နွေးခွင့်မရတာကြောင့် နည်းနည်း ပါတယ်။ ကျွန်တော်တို့က ငြိမ်း ချမ်းရေးလိုချင်ပါတယ်။ အဲဒါ ကြောင့် UNFC မှာလည်း ကျွန် တော်တို့ပါနေပါတယ်။ ဒါပေမဲ့ တစ်ဖက်က အစိုးရက ကျွန်တော် တို့အဖွဲ့ကို အသိအမှတ်မပြုဘူး’’ ဟု ပြောသည်။

သံလွင်မြစ် အရှေ့ဘက် ခြမ်း၊ တရုတ်နိုင်ငံနယ်စပ်ရှိ ကိုး ကန့်ဒေသ တွင် ပြည်သူများ ဒုက္ခ ရောက်နေခြင်း၊ တန်းတူညီမျှမှု မရှိခြင်း၊ ဒေသခံ တိုင်းရင်းသား ၆၀ ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါး သုံးစွဲနေကြခြင်း စသည့်ပြဿနာ များရှိနေခြင်းကြောင့် ဒေသကို ၎င်းတို့က ပြန်ထိန်းချုပ်ရမည်ဟု ဆိုသည်။

နေပြည်တော်က တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လက် မှတ်ရေး ထိုးရာတွင် ဖိတ်ကြားမည့်အဖွဲ့ကို ကေအင်န်ယူနှင့် ရှမ်းပြည်တပ် မတော်တို့အပါအဝင်(၁၆) ဖွဲ့ အဖြစ် လွန်ခဲ့သည့် တစ်နှစ်က သတ်မှတ်ခဲ့သည်။ ယင်းစာရင်း တွင် MNDAA မပါဝင်ပေ။(၁၆) ဖွဲ့ အနက် KIA နှင့် TNLA မှအပ ကျန် ၁၄ ဖွဲ့မှာ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးကြ ပြီးဖြစ်သည်။ ထိုသို့ဆွေးနွေးဖက် အဖြစ် သတ်မှတ်ထား သည့် စာရင်းတွင်မပါဝင်သော ကျန် အဖွဲ့များမှာ ‘‘သေးငယ်လွန်း သည်’’ သို့မဟုတ် ‘‘အဖွဲ့ကြီးများ နှင့် သူတို့ရှင်သန်ရပ်တည်ရေး မှီခိုနေရသည်’’ ဟု သတ်မှတ် ကြောင်း အစိုးရနှင့်နီးစပ်သည့် သတင်းရင်းမြစ်အပေါ် ကိုးကား ၍ Myanmar Peace Monitor ၏ ၂၀၁၄ အစီရင်ခံစာတွင် ဖော် ပြခဲ့သည်။

သို့သော် အဖွဲ့များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်ကို လက် မှတ်ရေးထိုးရာတွင် မပါဝင်သည့် တိုင်အောင် တိုင်းရင်းသားလက် နက်ကိုင် အင်အားစုအားလုံးအားနိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ် သွားမည်ဟု အစိုးရက ပြော ကြားထားသည်။

‘‘ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီက ပေါ်လစီချထားတာပါ။ ၁၆ ဖွဲ့ကို ဆွေးနွေးဖို့ပဲ လမ်းညွှန်ချက်ပေး ထားလို့ ၁၆ ဖွဲ့နဲ့ပဲ ဆွေးနွေးလို့ရ မှာပါ’’ဟု မြန်မာနိုင်ငံငြိမ်းချမ်း ရေး ပြန်လည်ထူထောင်ရေးလုပ် ငန်းဗဟိုဌာန (MPC)အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြော သည်။

ဆက်လက်ပြီး ၎င်းက ‘‘နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဘယ် သူတွေပါဝင်သင့်၊ ပါဝင်ထိုက် သလဲ ဆိုတာကို framework meeting မှာ အတည်ပြုမှာ ဖြစ်ပါ တယ်။ ကိုးကန့်အဖွဲ့ပါမယ်၊ မပါဘူးဆိုတာ ကျွန်တော်တို့မသိပါဘူး။ ဒါကို အမ်ပီစီကသတ်မှတ်မှာမဟုတ်သလို ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီမှာလည်း သတ်မှတ်ဖို့ ပေါ်လစီမရှိပါဘူး’’ဟု ပြောသည်။

အစိုးရတပ်မတော်နှင့် ကိုး ကန့်တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွား ခဲ့ရာတွင် ကိုးကန့်ဘက်မှ ကျဆုံး ကျန်ရစ်သည့် စစ်သားအလောင်း များ၏ ယူနီဖောင်းအိပ်ကတ်ထဲ တွင် တရုတ်နိုင်ငံသားမှတ်ပုံတင် ကတ်ပြားများကို တွေ့ရှိရသည် ဟု အမည်မဖော်လိုသည့် သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။ ထို့ အပြင် တရုတ်ပြည်ဘက်နှင့် ကိုး ကန့်တပ်ဖွဲ့အကြား လက်နက် အလဲအလှယ်ကိစ္စများအကြောင်း သတင်းများလည်းရထားသည်ဟု ဆိုသည်။

‘‘တပ်မတော်နဲ့ သူတို့ကြား မှာ ယုံကြည်မှုရဖို့က တော်တော် ခက်ခဲပါတယ်။ အဓိကယုံကြည်မှု ပါပဲ’’ဟု တပ်မတော်နှင့် နီးစပ် သည့် သတင်းရင်းမြစ်က ပြော ကြားသည်။

တစ်ဖက်တွင်လည်း MNDAA အထွေထွေ အတွင်းရေးမှူးချုပ်က ၎င်းတို့ နောက် ကွယ်တွင် တရုတ်နိုင်ငံ ကျောထောက် နောက်ခံရှိနေသည်ဆိုသည့် အချက် ကို ငြင်းပယ်လိုက်သည်။

၂၀၀၉ ခုနှစ်က ကိုးကန့် လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုး သားဒီမိုကရေစီ မဟာမိတ်တပ် မတော် MNDAA ဌာနချုပ်တည်ရှိခဲ့ရာ လောက်ကိုင်မြို့ကို အစိုးရက စီးနင်းချေမှုန်းခဲ့သည်။

ထိုစဉ်ကတည်းက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မြန်မာ့ လက်နက် ကိုင် ဇာတ်ခုံပေါ်မှ ကွယ်ပျောက် နေခဲ့သော MNDAA ခေါင်း ဆောင် ဖုန်ကြားရှင် က ၂၀၁၄ ဒီဇင်ဘာနှောင်းပိုင်းတွင် တရုတ် မီဒီယာဂလိုဘယ်လ်တိုင်းမ်သို့ ငါး နှစ်တာအတွင်း ပထမဆုံးအကြိမ် မီဒီယာသို့ စကားပြောခြင်းအဖြစ် အင်တာဗျူးခံခဲ့သည်။

ယင်းအင်တာဗျူး၌ ဖုန်ကြားရှင်က သူနှင့် သူ၏သားတို့သည် မြန်မာအစိုးရ တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် MNDAA ကို ပြန်လည်ဦးဆောင် ထားပြီဟု ဖြေကြားခဲ့သည်။

7daydaily

No comments:

Post a Comment