``ဟုတ်တယ်..ကျွန်တော်တို့လည်း သတင်းကြားတယ်၊ KIA နဲ့ မွတ်စလင်အဖွဲ့တွေ
ကျောင်းသားတွေ ချီတက်လာတဲ့ လမ်း ဘေးတစ်လျှောက်က ပြည်သူတွေကို ထိခိုက်အောင်
ဖောက်ခွဲရေးလုပ်မယ်ဆိုပြီး ပြောတာကြားမိတယ်၊ သူတို့ ရည်ရွယ်ချက် ကတော့
တကယ်လို့ ဖြစ်လာပြီး ကျောင်းသားပြည်သူတွေ ထိခိုက်ဒဏ်ရာရလာရင် တပ်မတော်နဲ့
ကျောင်းသားပြည်သူကို ရန်တိုက်ဖို့ ရည်ရွယ်တာပေါ့ဗျာ´´ ဟု မြင်းခြံမြို့မှ
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအေးငြိမ်း မှ ပြောဆိုခဲ့သည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်လျက် ရှိရာ ရဲစခန်း ၊ ရဲကင်း ၊ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများ ၊ အများပြည်သူသုံး လမ်းတံတားများ ၊ မြို့ပေါ် ရပ်ကွက်များ၌ ပြုလုပ်ခဲ့ရာ ရဲဝန်ထမ်းမိသားစုများနှင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သလို လမ်းတံတားများ လည်း မီးလောင် ပျက်စီးခဲ့ရပါသည်။
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ယမန်နှစ်အတွင်းက အကြမ်းဖက်သမား များနှင့် ပတ်သက် ဆက်နွှယ်သူ မွတ်စလင်ဘာသာဝင် ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဖောက်ခွဲရေး လုပ်ငန်းများ၌ အသုံးပြုနိုင်သည့် ဆိုဒီယမ်နိုက်ထရိတ်ခေါ် ယမ်းစိမ်းများ လျှို့ဝှက်သိုလှောင်ထားသူများကို ဖမ်းဆီးရမိခဲ့သည့် သတင်းကို ပြီးခဲ့တဲ့လက ထုတ်ဝေသည့် 7 Day Journal တွင် ဖော်ပြထားသည်။
ယခုဆန္ဒပြလမ်းလျှောက်နေသော ကျောင်းသားအဖွဲ့များအား အားပေးသည့် ပြည်သူများကို ပစ်မှတ်ထား မိုင်းထောင် ဖောက်ခွဲမည့်သတင်းသည် Online ပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိရာ ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးအတွက် စိုးရိမ် ပူပန်လျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းဇော်
Today Myanmar

No comments:
Post a Comment