Wednesday, January 21, 2015

ကချင်ဆရာမနှစ်ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့နေသော တပ်မတော်အပေါ် စွပ်စွဲချက် မမှန်ကန်


Photo: ကချင်ဆရာမနှစ်ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့နေသော တပ်မတော်အပေါ် စွပ်စွဲချက် မမှန်ကန်
Wednesday, January 21, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ်တောင်းကျေးရွာနှင့် မုံးပေါ်ကျေးရွာကြားရှိ ရှဘုတ်ကောင်းခါး ကျေးရွာ၌ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင်နှစ်ခြင်းအသင်းချုပ် (KBC) မှ ဆရာမနှစ်ဦးအား တပ်မတော်သား များမှ သတ်ဖြတ်ခဲ့ကြောင်း KIA အဖွဲ့အား ထောက်ခံအားပေးသော Facebook အကောင့်များမှ ဖြန့်ဝေလျက် ရှိခြင်းနှင့်ပတ်သက်၍ ၎င်းဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်အရာရှိတစ်ဦးမှ ငြင်းဆိုသွား သည်။
အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ မဟုတ်မှန်ကြောင်း ၎င်းဒေသတွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော အရာရှိတစ်ဦးက " သူတို့ပြောတဲ့ တပ်မ(၈၈)ဆိုတာ ဒီဘက်မှာ မရှိပါဘူး၊ စကခ(၁)လက်အောက်ခံတပ်တွေပဲ လှုပ်ရှားနေတာပါ" ဟု ပြောသည်။

" Facebook ပေါ်မှာ KIA က ၀ါဒဖြန့်ထားတဲ့ သတင်းများအရ ဆရာမ ၂ ဦးကို တပ်မတော်က ဒုတပ်ရင်းမှူး ဦးစီးပြီး စစ်သည် အယောက် ၁၀၀ လောက်က မုဒိမ်းကျင့်တယ်လို့ ရေးထားတာကို ပြန်ကြားရတယ်။ ဒါကတော့ဗျာ .. ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်ရှိရင် စဉ်းစားကြည့်လို့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ KIA အနေနဲ့ အခုဖြစ်ခဲ့တဲ့ပြဿာနာတွေမှာ နိုင်ငံရေးသိက္ခာအကြီးအကျယ်ကျနေတဲ့အတွက် တပ်မတော်ကို အပုတ်ချပြီး သူတို့သိက္ခာကို ပြန်ဆယ်ချင်တဲ့သဘော လုပ်တယ်လို့ပဲ ယူဆရပါတယ် " ၎င်းအရာရှိက ဆက်လက် ပြောကြားသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စကခ (၁)လက်အောက်ခံ ခမရ(၅၀၃)မှ တာဝန်ရှိသူ အရာရှိတစ်ဦးက “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တပ်မတော်ကပြုလုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တပ်တွေက မုံးပေါ်မှာပဲ အခြေပြုလှုပ်ရှားနေတာပါ။ ဒါက တပ်မတော်ကို တမင်တကာ အပုတ်ချ ပြောဆိုနေကြတာပါ”ဟု ပြောကြားခဲ့ပါသည်။

Credit;စိုင်းခွန်စစ်
Myanmar Military News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ်တောင်းကျေးရွာနှင့် မုံးပေါ်ကျေးရွာကြားရှိ ရှဘုတ်ကောင်းခါး ကျေးရွာ၌ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင်နှစ်ခြင်းအသင်းချုပ် (KBC) မှ ဆရာမနှစ်ဦးအား တပ်မတော်သား များမှ သတ်ဖြတ်ခဲ့ကြောင်း KIA အဖွဲ့အား ထောက်ခံအားပေးသော Facebook အကောင့်များမှ ဖြန့်ဝေလျက် ရှိခြင်းနှင့်ပတ်သက်၍ ၎င်းဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်အရာရှိတစ်ဦးမှ ငြင်းဆိုသွား သည်။

အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ မဟုတ်မှန်ကြောင်း ၎င်းဒေသတွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော အရာရှိတစ်ဦးက " သူတို့ပြောတဲ့ တပ်မ(၈၈)ဆိုတာ ဒီဘက်မှာ မရှိပါဘူး၊ စကခ(၁)လက်အောက်ခံတပ်တွေပဲ လှုပ်ရှားနေတာပါ" ဟု ပြောသည်။

" Facebook ပေါ်မှာ KIA က ၀ါဒဖြန့်ထားတဲ့ သတင်းများအရ ဆရာမ ၂ ဦးကို တပ်မတော်က ဒုတပ်ရင်းမှူး ဦးစီးပြီး စစ်သည် အယောက် ၁၀၀ လောက်က မုဒိမ်းကျင့်တယ်လို့ ရေးထားတာကို ပြန်ကြားရတယ်။ ဒါကတော့ဗျာ .. ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်ရှိရင် စဉ်းစားကြည့်လို့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရ ရင်တော့ KIA အနေနဲ့ အခုဖြစ်ခဲ့တဲ့ပြဿာနာတွေမှာ နိုင်ငံရေးသိက္ခာအကြီးအကျယ်ကျနေတဲ့ အတွက် တပ်မတော်ကို အပုတ်ချပြီး သူတို့သိက္ခာကို ပြန်ဆယ်ချင်တဲ့သဘော လုပ်တယ်လို့ပဲ ယူဆရပါတယ် " ၎င်းအရာရှိက ဆက်လက် ပြောကြားသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စကခ (၁)လက်အောက်ခံ ခမရ(၅၀၃)မှ တာဝန်ရှိသူ အရာရှိ တစ်ဦးက “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တပ်မတော်ကပြုလုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တပ်တွေက မုံးပေါ်မှာပဲ အခြေပြုလှုပ်ရှားနေတာပါ။ ဒါက တပ်မတော်ကို တမင်တကာ အပုတ်ချ ပြောဆိုနေကြတာပါ”ဟု ပြောကြားခဲ့ပါသည်။

Credit;စိုင်းခွန်စစ်
Myanmar Military News

No comments:

Post a Comment