Monday, January 12, 2015

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်စည်တန်ဆာခများ ဆက်တိုက်မြင့်တက်


မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင် ဖြစ်ပေါ်နေ သည့် ယဉ်ကြောကျပ်ကာ ကား လမ်းပိတ်ဆို့မှုကြောင့် ကုန်တင် ကားများ အချိန်ကြာမြင့်စွာ ည အိပ်စောင့်ဆိုင်းနေရပြီး မန္တလေး- မူဆယ်ကုန်ပစ္စည်းတန်ဆာခ ဈေး နှုန်းများရက်ပိုင်းအတွင်း ဆက် တိုက်မြင့်တက်လာကြောင်း ကုန် စည်ပို့ဆောင်ရေး ဂိတ်များမှ သ တင်းရရှိသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တွင် ယခုနှစ်ဆန်းမှစတင်၍ သက်ဆိုင်ရာဌာနများက မော်တော် ယာဉ်များကို အသေးစိတ် ပိုမို စစ်ဆေးလာခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုဖြစ်ရခြင်းဟု မူ ဆယ်မှ ကုန်သည်များက ပြော ကြားသည်။ ယခင်က ကုန်စည် တင်ဆောင်လာသော ကားအချို့ကို စိတ်ချယုံကြည်ရသဖြင့် အသေးစိတ်စစ်ဆေးမှု မလုပ်ဘဲ လွှတ်ပေးသော်လည်း ကုန်တန် ချိန် ခိုးယူမှုများကြောင့် ယခုကဲ့သို့ ပြောင်းလဲလာခြင်းဖြစ်သည်ဟုဆိုသည်။
မူဆယ် ၁၀၅ မိုင်စစ်ဆေး ရေးစခန်းအနီးတွင် အတက်ကား များအစီးရေရာနှင့်ချီယာဉ်ကြော ကျပ်ကာ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး နှစ်ရက်၊ သုံးရက်ခန့်အထိ ညအိပ်စောင့် ဆိုင်းနေရကာ ယခင်က မန္တလေး- မူဆယ်အသွားအပြန်ခရီး ရှစ်ရက် ခန့်သာ ကြာမြင့်သော်လည်း ယခု အခါ ၁၂ ရက်ခန့်အထိ ကြာမြင့် နေသည်ဟု မန္တလေး- မူဆယ် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ ကပြောသည်။
ထိုသို့ ကားလမ်းပိတ်ဆို့မှု များ ဆိုးရွားစွာဖြစ်ပေါ်နေသည် မှာ ၁၅ ရက်ခန့်ကြာမြင့်ပြီဖြစ်ပြီး ဇန်န၀ါရီလဆန်းက မန္တလေးမှ မူဆယ်သို့ ကုန်ပစ္စည်းတင်ပို့ရာ တွင် တန်ဆာခအနေဖြင့် တစ် ပိဿာလျှင် ၈၀ ကျပ်ခန့်သာ ကျသင့် ရာမှ ယခုအခါတစ်ပိဿာကျပ် ၁၀၀ ကျော်အထိ ဈေးမြင့်တက် သွားခြင်းဖြစ် သည်ဟု ဂရိတ်ဝမ်း မန္တလေး-မူဆယ်ကုန်စည်ပို့ ဆောင်ရေးဂိတ်မှ ဦးအောင်လင်း ကပြောသည်။
‘‘မန္တလေးက ကုန်ကားသုံးပုံ နှစ်ပုံလောက်က မူဆယ်ဂိတ်မှာ သွားပုံနေတယ်။ ဒီကတက်သွား တဲ့ကားတွေက ဟိုမှာကားပိတ်ပြီး တော်တော်နဲ့ ပြန်ဆင်းမလာနိုင် ဘူး။ ကားရှာတော့ တန်ဆာခ ဈေးတက်တယ်။ ဒါပေမဲ့ ဟိုမှာ ကားတွေစုနေတော့ အဆင်းကုန် ကျတော့လည်း မရပြန်ဘူး။ အခု ဆို အတက်ကုန်တစ်ပိဿာကို တန်ဆာခ ၁၀၇ ကျပ်ဈေးဖြစ်နေပြီ’’ ဟု ဦးအောင်လင်းကပြောကြားသည်။
ဆန်၊ ပြောင်း၊ ဖရဲနှင့် သခွား များ တရုတ်နိုင်ငံသို့ တင်ပို့မှုများ ချိန်တွင် မူဆယ် ၁၀၅ မိုင်စစ်ဆေးရေးစခန်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပွားနေသည်ဟု အဝေးပြေး ကုန်ကား သမားများက ပြောသည်။
အကောက်ခွန်ဌာန၏ စစ်ဆေးမှု ကြန့်ကြာခြင်း၊ ဂျူတီစောင့်ဆိုင်းရခြင်းများကြောင့် ကားကျပ်ကာ ယာဉ်ကြောပိတ်ဆို့ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း မရောက်မီ မောတောင်ရွာနားမှ စတင်ကာ ယာဉ်ကြောပိတ်ဆို့နေ ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာက ယခုကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး စီးပွားကူးသန်းဝန် ကြီးသွားရောက်ဖြေရှင်း ပေးမှုဖြင့် အဆင်ပြေခဲ့သည်။
ယခုအခါ သစ်သီးကုန်စည်ဒိုင်က ဖရဲ၊ သခွားကားများကို အကောက်ခွန်ဌာနက စစ်ဆေးခြင်းမပြုဘဲ သွားလာခွင့်ပြုရန် တောင်းဆိုထားပြီး မည်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရသည်ကို သွားရောက်စိစစ် ကာ အားလုံးအတွက် အဆင်ပြေ အောင် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စီးပွားကူးသန်းဝန် ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့် အောင်ကပြောသည်။
‘‘ဆန်တို့၊ ပြောင်းတို့က သီး သန့်၊ ဖရဲ၊ သခွားလိုဟာမျိုးက သီးသန့်ခွဲစစ်ပေးရင် ပိုအဆင်ပြေ မယ်ထင်တယ်။ စစ်ဖို့သိပ်အရေး မကြီးတဲ့ ကုန်ကားတွေကို အလွယ်တကူဖြတ်သန်းခွင့်ပေးရင် ယာဉ် ကြောကျပ်တာ လျော့သွားမှာပါ။ ဒီအတိုင်းဆိုရင်တော့ ကုန်သည် ရော ကားသမားရော ထမင်းငတ် မယ့်ကိန်းဆိုက်နေပြီ’’ဟု မန္တလေး မူဆယ် ကုန်ကားမောင်းနေသူ တစ်ဦးကပြောသည်။
နယ်စပ်ကုန်သွယ်မှုပမာဏ မြင့်တက်လာခြင်းနှင့် ကားအစီး ရေ များပြားလာခြင်းတို့ကြောင့် ယာဉ်ကြောကျပ်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အားလုံးအတွက် အ ဆင်ပြေစေရန် အစီအမံများချ မှတ်လုပ် ဆောင်မည်ဟု ညွှန်ကြား ရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

7 Day Daily

No comments:

Post a Comment