Thursday, January 1, 2015

သစ်တောဝန်ထမ်းလေးဦး အသတ်ခံရမှု နိုင်ငံတော်အဆင့်ဖြေရှင်းပေးရန် ဝန်ကြီးဌာနတင်ပြပြီ

ရှမ်းပြည်တောင်ပိုင်းလင်းခေး ခရိုင် သစ်တောဦးစီးမှူးအပါအဝင် သစ် တောအရာရှိလေးဦး သေဆုံးမှုအား အ မှုမှန်ပေါ်ပေါက်ရန်အတွက် နိုင်ငံတော် အဆင့်အနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးရန် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့တင်ပြထားသည်ဟု ထုတ် ပြန်ကြေညာထားသည်။
ဖြစ်စဉ်မှာ ဝမ်စလောင်းနှင့် ဝမ် ဟိုက်ကျေးရွာကြားရှိ ပိုင်ရှင်မဲ့ပိတောက် ၂ဝ၄တန်ကို ဒီဇင်ဘာ ၂၆ရက်က ရဲတပ် ဖွဲ့နှင့် သစ်တောပူးပေါင်းအဖွဲ့တို့က တွေ့ ရှိခဲ့ပြီးနောက် လင်းခေးခရိုင်၊ သစ်တော ဦးစီးမှူးအပါအဝင် သစ်တောအရာရှိ ခြောက်ဦးသည် ဒီဇင်ဘာ ၂၇ ရက်က ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် သွား ရောက်တိုင်းတာခဲ့ရာမှ လေးဦးအသတ် ခံခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည် ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့ အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံ တော်အဆင့်ဖြေရှင်းရန် အဆင့်ဆင့်တင် ပြထားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင်လည်း ထည့်သွင်းဆွေးနွေးသွား ရန် တိုက်တွန်းထားသည်ဟု ၄င်းဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
''အခုတော့ ကျွန်တော်တို့ဝန်ကြီး ဌာနကနေ တင်ပြထားပြီးပြီ။ နိုင်ငံတော် အဆင့် ဖြေရှင်းပေးဖို့အတွက်ပေါ့။ ဒါ ကို ကျွန်တော်တို့ ချက်ချင်းပဲတင်ပြအ ကြောင်းကြားထားတာပါ''ဟု ၄င်းက ပြောသည်။
ဒီဇင်ဘာ၂၇ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သူများမှာ လင်းခေးခရိုင်သစ်တောဦးစီးမှူး ဦးလှ မင်း၊ လင်းခေးမြို့နယ် သစ်တောဦးစီး ဌာန တောခေါင်းဦးသန်းထိုက်အောင် နှင့် ဦးဗိုလ်မင်း၊ မိုးနဲမြို့နယ် သစ်တော ဦးစီးဌာန တောခေါင်း ဦးစစ်ထွေးတို့ လေးဦးဖြစ်သည်။
''ဒီနယ်မြေက ငြိမ်းချမ်းရေးယူထား သည်ဖြစ်စေ၊ မယူထားသည်ဖြစ်စေ အ ခုလိုသတ်ဖြတ်တာကတော့ မဖြစ်သင့် ဘူး။ သတိထားဖို့လိုလာပြီ။ နယ်မြေခံ တပ်ရင်းတွေနဲ့ ရှေ့တန်းတပ်ဖွဲ့တွေမရှိ ရင် ပိုမိုဆိုးရွားလာနိုင်တယ်။ ဒါကြောင့် ဒီဖြစ်ရပ်ကို အမြန်ဆုံးအမှုမှန်ပေါ်ပေါက် အောင် ဖော်ထုတ်ပေးပါလို့တောင်းဆို ပါတယ်''ဟု ခရိုင်သစ်တောဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါ သစ်တောဝန်ထမ်း လေးဦးမှာ သေနတ်နှင့်ပစ်ခတ်ခံရခြင်း ဖြစ်သော်လည်း လက်နက်ကိုင်တပ်ဖွဲ့ ပါဝင်ပတ်သက်ခြင်းရှိ၊မရှိ ဝန်ကြီးရုံးအ နေဖြင့် အတည်မပြုနိုင်သော်လည်း တိုင်း ရင်းသား လက်နက်ကိုင်နယ်မြေများ တွင် တာဝန်ထမ်းဆောင်နေသော သစ် တောဝန်ထမ်းများ၏ လုံခြုံရေးကို ဦးစား ပေးဆောင်ရွက်သွားမည်ဟု ဒီဇင်ဘာ ၃ဝရက်ကပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ဝန်ကြီးရုံးမှ သတင်းမီဒီယာ သမားများသို့ ပြောကြားခဲ့သည်။
အဆိုပါ သစ်တောဝန်ထမ်းလေးဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ပြစ်မှုပုဒ်မ ၃ဝ၂ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း လင်းခေးခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။


Yangon Media Group

No comments:

Post a Comment