Tuesday, January 6, 2015

စစ်ကိုင်းမြို့ ၊ နန္ဒ၀န်တောင် ရပ်ကွက် တရုတ် လူမျိုးများ နေထိုင်သည့် အိမ်တွင် ပစ္စည်းယူ၊ လူသတ်မှု ဖြစ်ပွား

စစ်ကိုင်းမြို့ ၊ နန္ဒ၀န်တောင် ရပ်ကွက်ရှိ တရုတ်လူမျိုးများ နေထိုင်သည့် အိမ်တွင် ဇန်န၀ါရီလ (၅) ရက်နေ့ နံနက်က ပစ္စည်းယူ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ်၊ နယ်မြေခံ ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။

တရုတ်လူမျိုး သုံးဦးနှင့် စကားပြန် တစ်ဦး ငှားရမ်း နေထိုင်သည့် နေအိမ်၌ အိမ်ဖော် အဖြစ် လုပ်ကိုင်သူ အသက် (၅၄) နှစ် အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ ရပြီး၊ နေအိမ်ရှိ ကျပ်သိန်း (၃၂၁)သိန်း တန်ဖိုးရှိ ကျောက်စိမ်း ပုတီးအလုံး များပါ သွားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။



တရုတ် သုံးဦးနဲ့ စကားပြန် တစ်ဦး ကျောက်ဝိုင်းသွား နေတုန်း အချိန်မှာ လူသတ်မှု ဖြစ်စဉ် ဖြစ်သွား တယ်လို့ မှုခင်း မှတ်တမ်း အရ သိရပါတယ်။ တိုင်ချက်လာ ဖွင့်လို့ ကျွန်တော်တို့ သွားရောက် ကြည့်တဲ့ အချိန် သေဆုံးနေတဲ့ အမျိုးသမီးကို တွေ့တယ်။ ကျောက်စိမ်း ပုတီးတွေ ပါသွားတယ်။ ဒီ အမှု အတွက် အခုချိန် ထိတော့ စုံစမ်း စစ်ဆေးဆဲ အဆင့်မှာပဲ ရှိပါ သေးတယ် ဟု စစ်ကိုင်း မြို့နယ်၊ နယ်မြေခံ ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက The Messenger Media သို့ ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပစ္စည်း လုယက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းမြို့ နယ်မြေခံ ရဲစခန်းတွင် (ပ) ၁၉/ ၂၀၁၅၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၀၂/၃၉၂ တို့ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ် အရေးယူရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment