Tuesday, January 6, 2015

လေကြောင်းကင်းထောက်မှုဖြင့် ကချင်ပြည်နယ်အတွင်း တရားမ၀င် သစ်ခိုးဂိုဏ်ကြီး ဖမ်းဆီးရမိ


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း အဖိုးတန်သစ်များ အားတရားမ၀င် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ကိုယ်ကျိုးစီးပွား အတွက်သယ်ဆောင်ရောင်းချရန် သစ်တင်ယာဉ်များဖြင့် စုစည်းပြင်ဆင်ထားရှိ မှုအား လေကြောင်းကင်းထောက်မှု အရ သိရှိရသဖြင့် တပ်မတော်စစ်ကြောင်း များက ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်

ထိုသို့နယ်မြေရှင်းလင်းဆောင်ရွက်စဉ် တရားမ၀င်သစ်ထုတ်ရာတွင် အသုံးပြုသော ဒိုဇာ ၁ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ၀န်ဆွဲယာဉ် ၃စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ အမျိုးအစား(စိစစ်ဆဲ) သစ်တင်ယာဉ် ၄၃၆ စီး (၁၄ စီးသစ်ပါရှိ) ၊ တုန်ဖုန်း/ ဒေါင်ဖန်းယာဉ် ၃ စီး၊ ကရိန်း ၂ စီး၊ စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင်ကယ် ၉ စီး၊ မြန်မာနိုင်ငံသား ကျား ၄ ဦး၊ မ ၁၆ ဦးနှင့် တစ်ဖက်နိုင်ငံသား ကျား ၉၇ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၂၂ ဦး၊ ချိန်းဆော ၂ ခု၊ အိပ်ယာလိပ် ၁၀ ခု၊ ဆိုလာပြားတစ်ပြား၊ ဘထ္ထရီတစ်လုံး၊ ဖုန်းကြိုးတိုင်တစ်ခု၊ စိတ်ကြွဆေးပြား ၆၈၀ ပြား၊ ဘိန်းမဲ ၆ ထုပ်၊ ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂၀၀၀ အား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆည်းရမိသော တစ်ဖက်နိုင်ငံသားများထံမှ ကေအိုင်အေ(ကချင်)အဖွဲ့၊ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချုပ်အဆင့်ရှိ ဇောဘုတ်ထန်း လက်မှတ်ရေးထိုး ခွင့်ပြုထားသော သစ်ထုတ်လုပ်ခွင့် ပြုထားသည့်စာအား သိမ်းဆည်းရမိ ခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိသည့်လူများ၊သစ်တင်ယာဉ်များနှင့် တရားမ၀င်သစ် ထုတ်ရာ တွင် အသုံးပြုသည့် ပစ္စည်းများအားတရားဥပဒေအရ အရေး ယူ ဆောင်ရွက် သွား မည်ဖြစ်ကြောင်းနှင့် အဆိုပါဒေသအတွင်း ရှိ နိုင်ငံတော်၏ အဖိုးတန် သယံဇာတများ ဆုံးရှုံးမှု မရှိစေရေး တပ်မတော်စစ်ကြောင်းများမှ ဆက်လက် နယ်မြေရှင်းလင်းဖေါ်ထုတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment