Saturday, January 31, 2015

ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု KIA အစစ်ဆေးမခံဘူးတဲ့လား?


ဒီဆရာမနှစ်ဦးအသတ်ခံရမှုဟာ ကမ္ဘာ့နိုင်ငံကြီးတွေတောင် ဖိအားပေးလာတဲ့ ပြဿနာဖြစ်နေပါတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဘယ်သူ့ကိုမဆို စစ်ဆေးပါဆိုပြီး နိုင်ငံတော်သမ္မတရုံးကတောင် အမိန့် ထုတ်ပြန် ထားခဲ့တာ ဖြစ်ပါတယ်။ ဆရာမနှစ်ဦး အသတ်ခံရတဲ့ ဓာတ်ပုံတွေကို စတင်ဖြန်ခဲ့တဲ့ Facebook Account ပိုင်ရှင်တွေဟာ KIA ကျောထောက် နောက်ခံပြ KIA ကိုအားပေးထောက်ခံတဲ့သူတွေဖြစ်ပါတယ်။ အဲဒီအမှုမှန် ပေါ်ပေါက်ရေး KIA လည်း အစစ်ခံရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် စစ်ကြောင်းကသတ်ပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ တပ်မတော်လည်း အစစ်ဆေးခံနေရတာကြောင့် ဖြစ်ပါတယ်။

ဒီနိုင်ငံမှာ တပ်မတော်လို လက်နက်ကိုင်အဖွဲ့ကတောင် အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းပါဝင်နေချိန်မှာ KIA က အစစ်ဆေး မခံဘူးဆိုတော့ ဘာကြောင့်လဲ မေးစရာဖြစ်လာပါတယ်။ KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး အဆင့်ရှိသူက The Voice နဲ့ အင်တာဗျူးမှာ Facebook စာမျက်နှာတွေပေါ်က ပြစ်မှုကျူးလွန် သူများမှာ KIA အဖွဲ့မှ ဒုတပ်ကြပ် ဖော်ယူဂွမ် တို့အဖွဲ့ဖြစ်တယ်ဆိုပြီး ရေးသားဖော်ပြမှုတွေကို KIA အနေနဲ့ အစစ်ခံမှာမဟုတ်ကြောင်း ပြောဆို သွားတာဖြစ်ပါတယ်။

ဒီအမှုမှန် မပေါ်မချင်း သံသယရှိသူတွေကို ဖော်ထုတ်နေတာဖြစ်ပါတယ်။ ဆရာမတစ်ယောက်နဲ့ နောက် ဆုံးဖုန်းဆက်သွယ် ပြောဆိုခဲ့သူဟာ ဖော်ယူဂွမ်ဖြစ်ကြောင်း ဖုန်းထဲမှာ သက်သေအထောက်အထား တွေ့ခဲ့ တာ ဖြစ်ပါတယ်။ ဒါဆိုရင် ဖော်ယူဂွမ်ဆိုတာ ဘယ်သူလဲ။ အများပြောနေသလို KIA တပ်ဖွဲ့ဝင် ဖြစ်နေ သလား။ ဒေသခံရွာသူ ရွာသားတွေကလည်း ဖော်ယူဂွမ်နဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ နှုတ်ဆိတ်နေကြ တာလဲ။ မသိဘူးဆိုတာတော့ မဖြစ်နိုင်ပါ။ KIA မပြောဖို့ ခြိမ်းခြောက် ထားသလား။

ပြီးရင် ဖော်ယူဂွမ်ဆိုတာ ပေါ်သွားလို့ KIA က သူတို့တပ်ဖွဲ့ဝင်မဟုတ်ဘူး ဆိုပြီး ငြင်းနေတာလား။ ဖော် ယူဂွမ် ဆိုတာ KIA နဲ့ ပတ်သက်နေတယ် ဆိုတာ ငြင်းမတဲ့အခြေအနေ ဖြစ်ပါတယ်။

ကောင်းခါးရွာမှာ ရောက်နေတဲ့ တပ်မတော်သားတွေ့နဲ့ ရွာသားတွေရဲ့ ဆံပင်နမူနာတွေကို DNA စစ်နေ ပါပြီ။ ဒါပေမယ့် ဖော်ယူဂွမ်ဆိုတဲ့လူက အဓိက သံသယရှိသူဖြစ်ပြီး ဆံပင်ကိုတော့ မစစ်ဆေးရသေး ဘူးပေါ့။ လိုအပ်ရင် KIA တပ်ဖွဲ့ဝင် တွေ့ရဲ့ ဆံပင်တွေကိုလည်း DNA စစ်ဆေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမလက်ထဲမှာ ကျန်ခဲ့တဲ့ ဆံပင်အရှည် ဟာ တစ်ထွာကျော်နေလို့ပါပဲ။ KIA စစ်သားတွေဟာ လမ်းသူရဲပုံစံ ဆံပင်အရှည်တွေနဲ့ နေကြသူတွေ ဖြစ်ပါတယ်။ ပြီးရင် မူးယစ်ဆေး သုံးစွဲသူတွေ ဖြစ်ပါတယ်။ ဆေးကြောင်ပြီး ဆရာမတွေကို လာသတ်သွားတာလို့လည်း သံသယ ဖြစ်စရာပါ။

ဒီတော့ အမှုမှန်ပေါ်ပေါက်ရေး တပ်မတော်ကို စွပ်စွဲနေကြသူတွေအနေ နဲ့ ဖော်ယူဂွမ် ဘယ်သူလဲ ဖော်ထုတ် ရေးသားတာ မတွေ့ရပါ။ ဒေသခံတွေက လည်း ဖော်ယူဂွမ်အကြောင်း မသိချင်ဟန်ဆောင် နေကြတယ်။ ဖော်ယူဂွမ်ကို KIA တပ်ဖွဲ့ဝင် မဟုတ်ဘူးလို့ ငြင်းနေကြတယ်။ နောက်တစ်ခု စဉ်းစားစရာက KIA က DNA အစစ်မခံဘူးတဲ့လေ။ သူတို့ အဖွဲ့ဝင်တွေ ကျူးလွန်ထားလို့ မလုံမလဲဖြစ်နေတာလားဆိုတဲ့ ယူဆမှုတွေ လည်းများလာပါတယ်။ မြန်မာ တစ်နိုင်ငံလုံးရှိ နိုင်ငံသူ နိုင်ငံသား အစစ်ဆေးခံရမှာဖြစ်လို့ KIA ကလည်း ဘာမှ မဟုတ်တဲ့အတွက် အစစ်ဆေးခံရမှာပဲ ဖြစ်ပါတယ်။ အစစ်ဆေး မခံရဲဘူး ဆိုရင်တော့ KIA သတ်တာလို့ ကောက်ချက် ချရတော့မှာပဲ ဖြစ်ပါတယ်။

ဇော်လင်းခေါင်
Credit >>> Kachin Daily News

No comments:

Post a Comment