Monday, January 26, 2015

တောင်းဆိုထားသည့်အချက် ၁၁ ချက်မှထက်ဝက်ခန့် ပြင်မပေးမချင်း ကျောင်း သားများ ဆက်လက်သပိတ်မှောက်မည်

အမျိုးသားပညာရေး ဥပဒေ တွင် ပြင်ဆင်ရန် တောင်းဆိုထားသည့်အချက် ၁၁ ချက် မှ ထက်ဝက်ခန့် ပြင်မပေးမချင်း ဆက်လက် သပိတ် မှောက်သွားမည်ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီမှ သိရသည်။
ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် တရားဝင် အသိအမှတ်ပြုရေး၊ ဥပဒေတွင်ပါသည့် အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ပယ် ဖျက်ပေးရေး၊ ပညာရေးမူဝါဒများ ချမှတ်ရာတွင် ကျောင်း သားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမကိုယ်စားလှယ် များ ပါဝင်ခွင့်ရရေး စသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုင်ရာ အချက်များ မပြင်ဆင်သ၍ ဆက်လက်သပိတ် မှောက်သွားမည်ဟု သိရသည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကိုရဲရင့်ကျော်က ''ကျွန်တော်တို့ဘက်က လုံးဝ အလျှော့မပေးနိုင်တာ ငါးချက် ရှိထားတယ်။ ကျန် တဲ့အချက်တွေကတော့ ညှိနှိုင်းရမယ့် အပိုင်းပေါ့။ တချို့ အချက်တွေက ချက်ချင်းအကောင် အထည်မဖော်နိုင် တော့ ငါးနှစ်စီမံကိန်းနဲ့ လုပ်မှဖြစ်နိုင်တယ်။ မိခင်ဘာ သာစကား အခြေခံသင်ရမယ်ဆိုရင် တိုင်းရင်းသား ဘာ သာစကား တတ်ကျွမ်းတဲ့သူတွေ မွေးထုတ်ရဦးမယ်။ ပညာရေးဘတ်ဂျက်ဆိုရင်လဲ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေအလိုက် တခြားနိုင်ငံတွေရဲ့ တစ်ဆဆို သင့် တော်မလားဆိုတာတွေ ဒါတွေညှိနှိုင်းဖို့ လိုမယ်ပေါ့''ဟုပြောသည်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ပြင်ဆင်ရန်တောင်းဆို ထားသည့် အချက် ၁၁ ချက်တွင် ကျောင်းသားသမဂ္ဂ၊ ဆရာ၊ ဆရာမသမဂ္ဂ များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ပညာရေးမူဝါဒ၊ ဥပဒေ များ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာ တွင် ကျောင်းသားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရန်၊ သင်ကြားရေးစနစ် ပြောင်းလဲရေး ကိစ္စ၊ ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်၊ လက်ရှိ စာမေးပွဲစနစ်နှင့် တက္ကသိုလ် ဝင်ခွင့်စနစ်များ ပြုပြင်ရန်၊ မိခင်ဘာသာစကား အခြေ ပြု သင်ကြားမှုစနစ်ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းရန်၊ မသန်စွမ်းကလေးများအပါအဝင် လူတိုင်း အကျုံးဝင် ပညာရေးဖြစ်ရန်၊ ကျောင်းသားအရေးအ ခင်းကြောင့် ကျောင်း ထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ခွင့်ရရေး၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး ဂျီဒီပီ၏ ရာခိုင်နှုန်း ၂ဝ သတ် မှတ်နိုင်ရေး၊ အခမဲ့ပညာသင်ကြားရေးစနစ်ကို အလယ် တန်းအထိ တိုးမြှင့်ပေးရေး စသည်တို့ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများသည် သပိတ် မှောက်ဆန္ဒပြမှုကို ဇန်နဝါရီ ၂ဝ ရက်တွင် မန္တလေးမြို့ အိမ်တော်ရာဇရပ်မှ စတင်၍ ပုလိပ်၊ ကျောက်ဆည်၊ မြစ် သား၊ နွားထိုးကြီး၊ မြင်းခြံ၊ မကွေး၊ ပြည်မြို့များကို ဖြတ်၍ ရန်ကုန်မြို့သို့ ချီတက် လာရာ ငါးရက်မြောက် (ဇန်နဝါရီ ၂၄ ရက်)တွင် နွားထိုးကြီးမြို့နယ်သို့ ရောက် ရှိခဲ့သည်။ ယင်းသပိတ်လမ်းကြောင်းအပြင် မုံရွာ၊ ပခုက္ကူ၊ ပဲခူး၊ ပုသိမ်၊ ထားဝယ် စသည့်တက္ကသိုလ်ကျောင်းသား များသည်လည်း နည်းအမျိုးမျိုးဖြင့် ချီတက်လာ ကာ ရန်ကုန်မြို့တွင် ဆုံမည်ဟု သိရသည်။
မန္တလေးမှ ရန်ကုန်သို့လာသည့် သပိတ်လမ်း ကြောင်းကို ၁၅ ရက်ခန့် ကြာမည် ဟုမှန်းထားသော်လည်း အတားအဆီးများ၊ ကျောင်းသားများ၏ကြံ့ခိုင်မှု တို့ကြောင့် ရက်၂ဝ ဝန်းကျင်ကြာနိုင်ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment