Monday, January 26, 2015

လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးအင်အားစု များနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံဆွေးနွေးရန် UNA ဆုံးဖြတ်

လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက် ၍ မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့်သုံးရက်တာတွေ့ဆုံ ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလအ တွင်း ပြုလုပ်ရန်စည်းလုံးညီညွတ် သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ (UNA) အနေဖြင့်ယမန် နေ့ကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စည်းလုံးညီညွတ်သော တိုင်း ရင်းသားလူမျိုးများအဖွဲ့နှင့် မဟာမိတ် နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှေ့လ ၁၇ရက်မှ ၁၉ရက်အထိ ၃ရက် တာတွေ့ဆုံဆွေးနွေးရန် ဇန်နဝါရီ ၂၅ ရက်က UNA အဖွဲ့အနေဖြင့် အစည်း အဝေးပြုလုပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
UNA အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင်က ''ဒီနေ့ ကျွန်တော်တို့ အဖွဲ့က သတ်မှတ် လိုက်တဲ့ရက်ကို ဖိတ်မယ့်မိတ်ဖက် အဖွဲ့တွေကို အီးမေးလ် နဲ့ပို့ပြီးအကြံ ဥာဏ်ယူမယ်။ အဲဒီရက်မှာ သူတို့ဘက် က အဆင်ပြေမပြေပေါ့။ ဖိတ်မယ့်အ ဖွဲ့အစည်းကတော့ အားလုံးပေါင်း ၄ဝလောက်ရှိမယ်''ဟုပြောသည်။

ဖေဖော်ဝါရီလအတွင်းတွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်တွင်ပြုလုပ်သွား မည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်းက့ ဗြ ညီလာခံတွင်ပါဝင်ဆွေးနွေး ခဲ့သော အဖွဲ့၂၅ ဖွဲ့အပြင် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁ဝဖွဲ့ခန့်ကို ထပ်မံဖိတ်ကြားသွားမည် ဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

UNA သည် ဒီဇင်ဘာလအတွင်း က ရန်ကုန်မြို့တွင် ၃ရက်ကြာညီ လာခံ တစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းညီလာ ခံတွင် UNFC အဖွဲ့ဝင်များ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ၊ ကယန်း ပြည်သစ် ပါတီ၊ KNU ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ် မြေ)၊ ABSDF ၊ ရခိုင်လွတ်မြောက်ရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ မြန်မာနိုင်ငံရှေ့နေ များကွန်ရက်၊ ပေါင်းကူး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) စသည့်အဖွဲ့အစည်း ၂၅ဖွဲ့မှ တာဝန်ရှိသူများတက်ရောက် ခဲ့သည်။
ထို့ပြင်ညီလာခံအပြီးတွင် UNA အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ ၂၅ ဖွဲ့ဖြင့် ဆွေးနွေးထား သော နိုင်ငံရေးဆွေးနွေးပွဲသဘော ထားရှစ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်း အချက်များတွင် ပြည်တွင်းငြိမ်းချမ်း ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်တွေ့ဆုံဆွေးနွေးရေးတို့ကိုအား လုံးက ယုံကြည်လက်ခံနိုင် သည့် တည် ငြိမ်သောနိုင်ငံရေးပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီး တည်ဆောက် သွား ရန် အပါအဝင် ဘုံသဘောတူညီချက်များ ပါဝင်ခဲ့သည် ။

ထို့ပြင် ယင်းသဘောထားရှစ် ချက်မှလုပ်ငန်းစဉ်များအား UNA အဖွဲ့မှ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားရန် မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ပေးအပ် ခဲ့ကြောင်း သိရသည်။
UNA အဖွဲ့တွင် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ဇိုမီးဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသား ပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန် ဂရက်ပါတီနှင့် ကရင်အမျိုးသားပါတီ တို့ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။


SYMZ
Yangon Media Group

No comments:

Post a Comment