Tuesday, January 27, 2015

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဗုံးထောင်ထားသည် ဆိုသော ဖုန်းနံပါတ်ကို စုံစမ်းနေ

အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်အတွင်း ဗုံးထောင် ထားသည်ဟု ခြိမ်းခြောက်ခဲ့သည့် ဖုန်းနံပါတ်သည် နိုင်ငံခြားမှ ခေါ်ဆိုသော ဖုန်းနံပါတ်ဖြစ်သော် လည်း မည်သည့်နိုင်ငံမှ ခေါ်ဆို သည်ကို မသိရသေးကြောင်း သ တင်းရရှိသည်။

ဇန်န၀ါရီ ၂၃ ရက် ည ၁၁ နာရီခန့်တွင် အင်းစိန်ရွာမ ဆရာတော်ထံ ဖုန်းဝင်လာပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာ ဖွေရာ ဘာမှမတွေ့ရှိကြောင်း အင်းစိန်ရဲစခန်းမှ စခန်းမှူး မျိုး မြင့်ကြိုင်က ဆိုသည်။

‘‘ဖုန်းနံပါတ်ကိုကြည့်ပြီး တော့ ဘယ်ကဆက်တာလဲဆို တာကို စုံစမ်းနေတုန်းပါ။ မလေး ရှားက ဆက်တာလား၊ ထိုင်းနယ် စပ်က ဆက်တာလားဆိုတာ အတိအကျမသိသေးပါဘူး။ သက်သက်နှောင့်ယှက်ချင်လို့ ဆက်တာ လည်းဖြစ်နိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဖုန်းဆင်းမ်ကတ်များ မြန်မာ နိုင်ငံတွင် ပေါများလာသကဲ့သို့ နိုင်ငံခြားတွင်လည်း မြန်မာနိုင်ငံ ထက်ပိုမိုများပြားနိုင်၍ ဖုန်းဆက် သူအား သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ကာ ရှာဖွေစုံစမ်းနေ သည်ဟု ဒုရဲမှူးမျိုးမြင့်ကြိုင်ကဆို သည်။

‘‘ကျွန်တော်တို့ကလည်း ကျောင်းလုံခြုံရေးအတွက် အချိန် ပြည့်ဆောင်ရွက်ပေးနေပါတယ်။ မြို့နယ်အတွင်းမှာ ဆရာတော်နဲ့ အဆင်ပြေသူတွေ၊ မပြေသူတွေ ကိုလည်း လေ့လာနေတယ်။ နိုင်ငံ ခြားဘက်ကိုတော့ အထက်ပိုင်းကလုပ်နေပါတယ်။ ဒါတွေကိုတော့ ရှင်းပြလို့မရသေးပါဘူး’’ဟု ၎င်း ကပြောသည်။

ကျောင်းဝင်းအတွင်း ဗုံး ထောင်ထားသည်ဟု ခြိမ်းခြောက် ခံရသည့် အင်းစိန်ရွာမကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသဟာ သည် မဘသဥက္ကဋ္ဌဖြစ်ပြီး ယခုကဲ့ သို့ခြိမ်းခြောက်ခံရသည့် အတွက် အင်းစိန်ရဲစခန်းတွင် အမှုဖွင့် ထားခြင်းမရှိကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment