Tuesday, January 27, 2015

မြန်မာသုံးဦးကို သတ်ဖြတ်သည်ဟု သံသယရှိ ထိုင်းမာဖီးယားနှစ်ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း တွင် ရော်ဘာလုပ်ငန်းလုပ်ကိုင်နေ သည့် မြန်မာလုပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်သော တရား ခံဟု ယူဆရသူ ထိုင်းမာဖီးယားနှစ်ဦးကို ဆူရတ်ဌာနီရဲတပ်ဖွဲ့က ဖမ်း ဆီးလိုက်ကြောင်း သတင်းရရှိ သည်။

ဆူရတ်ဌာနီခရိုင်ရဲတပ်ဖွဲ့ သည် မြန်မာလုပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်သော တရားခံအဖြစ် သံသယရှိသည့် ထိုင်းမာ ဖီးယားနှစ်ဦးကို အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ ဇန်န၀ါရီ ၂၅ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံတောင်ပိုင်းပညာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဦးမိုးဝေက ပြောသည်။

‘‘သံသယရှိတဲ့သူနှစ်ဦးကို ဖမ်းထားတယ်လို့ သိရတယ်။ ဆူ ရတ်ဌာနီက မာဖီးယားတွေလို့ သိ ရတယ်။ မျက်မြင်သက်သေတွေရှိ ပေမယ့် ဘယ်သူမှ မပြောရဲဘဲ ဖြစ် နေတာ။ ကျွန်တော်တို့ FED နဲ့ MATတို့က ဒီကိစ္စ တရားခံအမြန်ဆုံး ပေါ်ပေါက်အောင် ထိုင်းရဲတပ်ဖွဲ့ ကို ဖိအားပေးဆောင်ရွက်နေပါ တယ်’’ဟု ဦးမိုးဝေက ပြောသည်။

ဇန်န၀ါရီ ၂၃ ရက် ည ၁၀ နာရီခန့်က ရော်ဘာအစေးခြစ်နေသော (၁၃)နှစ်အရွယ် ချစ်ထူး၊ (၂၂)နှစ်အရွယ် ဆန်းမင်းနှင့် (၂၉) နှစ်အရွယ် ကိုကျော်ထူးတို့သည် သေနတ်ဖြင့်ပစ်သတ်ခံရခြင်း ဖြစ်သည်။

‘‘မြန်မာတွေအသတ်ခံရတာ ထိုင်းနိုင်ငံမှာဆို ကျွန်တော်တို့နေ ထိုင်တဲ့ တောင်ပိုင်းက အဆိုးဆုံး ပဲ။ မြန်မာတွေအသတ်ခံရတိုင်း တရားခံ ဖော်ထုတ်ဖမ်းမိတယ်လို့ မကြားဖူးဘူး။ အခု တရားခံဖမ်းမိ ထားတယ်ဆိုတော့ ကောင်းပါ တယ်။ မြန်မာတွေအသတ်ခံရရင် မပြောရဲကြတာက ဒီမှာရှိနေတဲ့ ထိုင်းမာဖီးယားတွေကို ကြောက် နေရလို့ပါ’’ဟု ဆူရတ်ဌာနီမြို့တွင်နေထိုင်သူ ကိုထွန်းထွန်းက ပြောသည်။

သေဆုံးသူ မြန်မာလုပ်သား သုံးဦးကို ဇန်န၀ါရီ ၂၈ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်းချိုင်ယာမြို့ ဘုန်းတော်ကြီးကျောင်း၌ မီးသင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း၊ ဆူ ရတ်ဌာနီမြို့တွင် နေထိုင်သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT)မှ ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။ ယင်းဖြစ် စဉ်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သံအမတ်ကြီးထံ တင်ပြထားပြီး ၎င်း၏ ညွှန်ကြားမှုကို စောင့်ဆိုင်း နေကြောင်း ဦးအောင်မျိုးသန့်က ဆက်လက်ပြောကြားသည်။

အသတ်ခံရသူ မြန်မာလုပ် သားသုံးဦးသည် မွန်ပြည်နယ် စက်စဲမှဖြစ်ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment