Tuesday, January 13, 2015

ငိုလွန်းသည့် ဆယ်ငါးရက်သမီးလေးကို အိပ်မရဖြစ်ရသည်ဟုဆိုကာ ဖခင်ဖြစ်သူက တိုက်ပြတင်းပေါက်ကနေ လွှင့်ပစ်၍ သေဆုံး

ဆားဘီးယားနိုင်ငံတွင် ဆယ်ငါးရက် သမီးလေးတစ်ဦးကို ငိုယိုလွန်းသည်ဟုဆိုကာ ဖခင်ရင်းဖြစ်သူက တိုက်ပြတင်းပေါက်က လွှင့်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း မိုင်ရာသတင်းတွင် ဇန်န၀ါရီ ၁၃ ရက်ကဖော်ပြသည်။ဘယ်လ်ဂရိတ်မြို့ တော်တွင် အသက် ၃၅နှစ်ရွယ် နီမန်ဂျာပီထရိုဗစ်ဆိုသူက ကလေးငယ် ငိုယိုလွန်းသဖြင့် အိပ်မရဖြစ်သည်ဟု ဆိုကာ နံနက် ၅နာရီခွဲခန့် က တိုက်ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။

တိုက်ပေါ်မှ ပြုတ်ကျပြီး မြေနှင့်ရိုက်ကာ ကလေးငယ်က နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ဖခင်ဖြစ်သူကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ရဲများက ပြောသည်။ ၄င်းကို စစ်ဆေးရန်အတွက် စိတ်ကျန်းမာရေးဆေးရုံသို့ တင်ပို့ ထားသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားစဉ်က ကလေးငယ်လေး၏ မိခင်ဖြစ်သူ ယင်းတိုက်ခန်းတွင် ရှိနေ မရှိနေကို ရဲများက စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

Mizzima

No comments:

Post a Comment