Wednesday, January 14, 2015

သီတဂူဆရာတော် အထူးကြေညာချက် ထုတ်ပြန် သီတဂူဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့ ဥက္ကဋ္ဌမှအပ အခြားဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ


သီတဂူဆရာတော်ကြီး သည် အပြည်ပြည်ဆိုင်ရာ ထေရ ၀ါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်သာ တာဝန်ထမ်းဆောင် နေပြီး အခြားမည်သည့် ဘာသာ ရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နေခြင်း မရှိကြောင်း သီတ ဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စီမံအုပ် ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၁၃ တွင် ထုတ်ပြန်ကြေ ညာသည်။


‘‘ဆရာတော်ကြီးက ဖုန်းနဲ့ လှမ်းဆက်ပြီး မိန့်ကြားတဲ့အတွက် သတင်း ထုတ်ပြန်လိုက်တာပါ။ အရင်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားလား၊ မယူထား လားတော့ သေချာမသိပါဘူး။ ဘာလို့ ဒီလိုထုတ်ပြန်တာလဲဆို တာလည်း မိန့်ကြားမသွားပါ ဘူး’’ဟု သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္က သိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရှင်ကောဝိဒသိရီက ထုတ်ပြန် ရသည့် အကြောင်းရင်းနှင့်ပတ် သက်၍ 7Day Daily ၏ မေးမြန်း မှုကို မိန့်ကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) တွင် သီတဂူဆရာတော်ကြီးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူနေကြောင်း ပြောဆိုမှုများရှိနေပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ မိန့်ကြားချက်ဖြင့် ဇန်န၀ါရီ ၁၃ ရက်တွင် အထူးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သီတဂူဆရာတော် အရှင် ဉာဏိဿရသည် သီတဂူအပြည် ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ အဓိကပတိ၊ မန္တလေးမလွန်ဆန် လှူအသင်းကြီး၏ သြ၀ါဒါစရိယ၊ ရန်ကုန်အဘိဓမ္မာပြန့်ပွားရေးအ သင်းကြီး၏ သြ၀ါဒါစရိယမှတစ်ပါး အခြား အသင်းအဖွဲ့များတွင် တာ ၀န်ထမ်းဆောင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ သီတဂူ ဆရာတော်ကြီး သည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွင် ဒုတိ ယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နေခြင်းဖြစ်ကြောင်း အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေး အဖွဲ့မှ ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

‘‘သီတဂူဆရာတော်ကြီးက လက်ရှိအချိန်ထိ ဒုတိယဥက္ကဋ္ဌအ နေနဲ့ တာဝန်ထမ်းဆောင်နေဆဲ ပါ။ တကယ်လို့ နုတ်ထွက်မယ်ဆိုရင်လည်း တစ်ဦးတည်းရဲ့ ဆန္ဒပါပဲ။ နုတ်ထွက်သည်ဖြစ်စေ၊ မနုတ် ထွက်သည်ဖြစ်စေ သီတဂူဆရာ တော်ကြီးက အမျိုးဘာသာ သာ သနာအတွက် ပြည်သူတွေအသိ ပညာတိုးပွားအောင် စွမ်းစွမ်း တမံဆောင်ရွက်နေတာ ဖြစ်ပါ တယ်’’ဟု ဆရာတော်ဦးပါမောက္ခ က မိန့်သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွင်အင်း စိန်ရွာမဆရာတော်ကြီးက ဥက္ကဋ္ဌ၊ သီတဂူဆရာတော်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်၍ အခြားထင်ရှားသည့် ဆရာတော်များလည်း ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်


7Day Daily

No comments:

Post a Comment