Tuesday, January 13, 2015

MPT က ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်သွားမည်ဟုဆို


ဂျပန် ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် KDDI , Sumitomo တို့နှင့် ပူးပေါင်းထားသည့် MPT အနေဖြင့် ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံ လုံးအနှံ့ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ လိုအပ်နေသေးသည့်
ကျေးလက်ဒေသများတွင် ၎င်းတို့၏ ကွန်ရက်များကို ၂၀၁၅ ပထမနှစ်ဝက်အတွင်း ဆက်လက်ဖြန့်ကျက်သွားမည်ဖြစ်ပြီး ယင်းအချိန်ကာလအတွင်း ၌ ပင် 3G ကွန်ရက်ကို နိုင်ငံအနှံ့ ရရှိရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးခင်မောင်ထွန်းက ပြောကြားသည်။

ထို့ကြောင့် ၂၀၁၅ နှစ်လယ်ပိုင်းအရောက်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက် မရရှိသည့် ဒေသအများစုတွင် မိုဘိုင်းဖုန်းများနှင့် အင်တာနက်ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက် လက်ပြောကြားသည်။

Internet Journal

No comments:

Post a Comment