Thursday, January 29, 2015

ဖားကန့်တွင် ဖောက်ခွဲမှု ပြုလုပ်နေသူများကို ဖော်ထုတ်၍ အရေးယူသွားမည်ဟု KIA တပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်ပြော

ကချင်ပြည်နယ် ဖားကန့်ဒေသ တွင် လတ်တလောဖြစ်ပွားနေသော ပေါက် ကွဲမှုများမှ KIA နှင့် အစိုးရအကြား သွေး ကွဲအောင် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲ နေခြင်းဖြစ်သောကြောင့် ဖောက်ခွဲမှုပြု လုပ်နေသူများအားဖော်ထုတ်၍ ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု ဖားကန့် ဒေသရှိ KIA တပ်မဟာ(၂) လက်အောက် ခံတပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်က ဇန် နဝါရီ ၂၈ရက်တွင် ရန်ကုန်တိုင်းမ်ဂျာနယ် သို့ ပြောသည်။



''ဒီလို ပေါက်ကွဲမှုတစ်ခုဖြစ်တိုငှ်းုဗကလုပ်တာဆိုပြီးတော့ အားလုံးက မြင်နေကြတယ်။ ဒါကို လုံးဝကန့်ကွက် ပါတယ်။ ဒီကိစ္စတွေဟာ KIA နဲ့ အစိုးရ ကြားမှာ သွေးကွဲအောင် လှုံ့ဆော်နေခြင်း သက်သက်ပဲ။ ဒါကြောင့် ဖောက်ခွဲမှုကို ပြုလုပ်နေတဲ့သူအားလုံးကို ကျွန်တော်တို့ စုံစမ်းနေတယ်။ ဖော်ထုတ်နိုင်ပြီဆိုရင် တော့ ပြင်းပြင်းထန်ထန် အရေးယူသွား မယ်။ KIA အနေနဲ့ ပုလင်းထဲကို ဓာတ် ဆီထည့်ဖောက်ခွဲတဲ့ ကလေးကလားအလုပ် ကို မလုပ်ပါဘူး''ဟု ဖားကန့်ဒေသအခြေ စိုက် KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်က ပြော သည်။

အဆိုပါဖောက်ခွဲမှုများသည် အ ဓိကကျူးလွန်နိုင်သူများမှာ ရေမဆေး ကျောက်ရှာသမားများဖြစ်နိုင်ပြီး ယင်း တို့သည် တိုက်ပွဲများဖြစ်ပါက ကျောက် စိမ်းကုမ္ပဏီထဲသို့ ဝင်ရောက်လုယက် မှုများ ပြုလုပ်လေ့ရှိပြီး လက်ရှိအချိန် တွင် အစိုးရနှင့် KIA ကြားသွေးခွဲ၍ တိုက်ပွဲများပြန်ဖြစ်ရန် လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

''ကချင်ပြည်နယ် အစိုးရအဖွဲ့က ဖားကန့်ဒေသမှာဖြစ်နေတဲ့ ပေါက်ကွဲမှု က KIA လုပ်တာလား ကျွန်တော်တို့ ကို မေးတယ်။ ဒါနဲ့ဟိုဘက်အဖွဲ့ကို မေး လိုက်တယ်။ သူတို့လဲ ဒီကိစ္စကိုစုံစမ်း နေတယ်လို့ပြန်ပြောတယ်။ အခု အ စိုးရဘက်ကလဲ စုံစမ်းနေပါပြီ။ ကျွန် တော်ကတော့ ရေမဆေးကျောက်ရှာ တဲ့သူတွေထဲကပဲ ဖြစ်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် တိုက်ပွဲတွေငြိမ်သက် နေရင် သူတို့ လွတ်လွတ်လပ်လပ်လုပ် လို့မရဘူး။ ကျောက်ကုမ္ပဏီတွေရှိနေ တယ်။ ဒါကြောင့် တိုက်ပွဲဖြစ်အောင် လုပ်နေတာဖြစ်နိုင်တယ်။ ပြီးတော့ ဖား ကန့်မှာက တပ်ပြေး၊ ရဲပြေး၊ သူခိုး၊ ဓား ပြ၊ ဒီလူတွေကများတယ်။ ဒီတော့ နယ် မြေက မအေးချမ်းဘူးဖြစ်နေတာ''ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အ ဖွဲ့ဥက္ကဋ္ဌ ဦးလမိုင်ဂွန်ဂျာကပြောသည်။

ဇန်နဝါရီ ၁၄ရက်မှ ၁၉ရက်အ ထိ ဖားကန့်ဒေသတွင် KIA နှင့် အ စိုးရ တပ်မတော်တို့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့ သော်လည်း ဇန်နဝါရီ ၂၆ ရက်က ပု လင်းထဲသို့ ဓာတ်ဆီထည့်ဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့သကဲ့သို့ ယင်းမတိုင်မီ တစ်ပတ်ခန့်ကလည်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်များနှင့် ပတ် သက်၍ ကချင်လွတ်မြောက်ရေးတပ် မတော်(KIA ) မှ စုံစမ်းဖော်ထုတ်လျက် ရှိပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း နှစ်ဖက်တာဝန်ရှိသူများ က ပြောသည်။

‪TheYangonTimes‬
Yangon Media Group

No comments:

Post a Comment