Monday, January 26, 2015

Photo: နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဖေဖော်ဝါရီလဆန်းအထိ အအေးပိုမည်

Monday, January 26, 2015

တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း (China High) အားကောင်းနေပြီး အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းနေသည့်အတွက် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ လားရှိုးနှင့် ကျိုင်းတုံမြို့တို့တွင် ယင်းရက်ပိုင်းအတွင်း အအေးပိုနိုင်ပြီး ညအပူချိန်များမှာ ၈ ဒီဂရီစင်တီဂရိတ်မှ ၁၃ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိ၍ ကျန်မြို့ကြီးများတွင် ညအပူချိန်မှာ ၁၆ ဒီဂရီ စင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

“ရန်ကုန်မှာက အအေးဓာတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ တခြားမြို့တွေနဲ့ ယှဉ်ရင်တော့ ပျမ်းမျှ ညအပူချိန် ၃ ဒီဂရီ စင်တီဂရိတ်လောက်ပဲ လျော့ကျနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေပြီး ထူးခြားသည့် ညအပူချိန်များမှာ ပင်လောင်းမြို့နှင့် လွိုင်လင်မြို့တို့တွင် ၂ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့နှင့် ဟားခါးမြို့တို့တွင် ၃ ဒီဂရီ စင်တီဂရိတ်နှင့် ဟဲဟိုးမြို့တွင် ၄ ဒီဂရီ စင်တီဂရိတ်သာ ရှိကြောင်း အဆိုပါဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း (China High) အားကောင်းနေပြီး အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းနေသည့်အတွက် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။



နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ လားရှိုးနှင့် ကျိုင်းတုံမြို့တို့တွင် ယင်းရက်ပိုင်းအတွင်း အအေးပိုနိုင်ပြီး ညအပူချိန်များမှာ ၈ ဒီဂရီစင်တီဂရိတ်မှ ၁၃ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိ၍ ကျန်မြို့ကြီး များတွင် ညအပူချိန်မှာ ၁၆ ဒီဂရီ စင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

“ရန်ကုန်မှာက အအေးဓာတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ တခြားမြို့တွေနဲ့ ယှဉ်ရင်တော့ ပျမ်းမျှ ညအပူချိန် ၃ ဒီဂရီ စင်တီဂရိတ်လောက်ပဲ လျော့ကျနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေပြီး ထူးခြားသည့် ညအပူချိန်များမှာ ပင်လောင်းမြို့နှင့် လွိုင်လင်မြို့တို့တွင် ၂ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့နှင့် ဟားခါးမြို့တို့တွင် ၃ ဒီဂရီ စင်တီဂရိတ်နှင့် ဟဲဟိုးမြို့တွင် ၄ ဒီဂရီ စင်တီဂရိတ်သာ ရှိကြောင်း အဆိုပါဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment