Monday, January 26, 2015

RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Photo: RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Monday, January 26, 2015

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နယ်မြေခံတပ်ရင်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။
“၀မ်အင်ချောင်းဖျားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းဆီ ကိုလာပြီး အလင်းဝင်တာပါ၊ လက်နက်မဲ့ပါ၊ လူသစ်စုဆောင်းခံရတာတောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု တာဝန်ရှိအရာရှိတစ်ဦးကပြောသည်။
အဆိုပါအလင်းဝင်ရောက်လာသူမှာ စိုင်းလုံတစ်၊ အသက်(၃၉)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ရပ်ကွက်(၁)၊ ကျိုင်းတုံမြို့နေသူ ဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ၎င်းအား ဇန်န၀ါရီလ ပထမပတ်အတွင်းက လူသစ်အဖြစ်စုဆောင်းသွားခြင်းဖြစ်ကြောင်း၊ ၎င်းအား လူသစ်စုဆောင်းသော အဖွဲ့မှာ ပေါ့ထောက်ဝေါ့ဦးအဖွဲ့မှဖြစ်ပြီး တောထဲတွင် ရွာစဉ်ရွာဆက် လှုပ်ရှားသွားလာနေစဉ် ထွက် ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြား သွားသည်။

“ကျိုင်းတုံမြို့ပေါ်မှာနေတဲ့ လူတောင်လာပြီး လူသစ်စုတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ အဲဒီလိုခံနေရတဲ့ ဒေသခံတွေ ဘယ်လောက်တောင်ရှိမယ် မသိဘူး၊ တကယ်တော့ အဲဒီအဖွဲ့ဟာ ကျွန်တော်တို့ပြည်နယ်အတွက် ဆက်ကြေးကောက်၊ ရိက္ခာတောင်း၊ လူသစ်စုတာကလွဲလို့ ဘာမှအကျိုး မပြုပါဘူးဗျာ” ဟု ကျိုင်းတုံမြိုကခံတစ်ဦး က ပြောကြားသွားသည်။

စိုင်းလေး(ကျိုင်းတုံ)

Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နယ်မြေခံတပ်ရင်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။
“၀မ်အင်ချောင်းဖျားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းဆီ ကိုလာပြီး အလင်းဝင်တာပါ၊ လက်နက်မဲ့ပါ၊ လူသစ်စုဆောင်းခံရတာတောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု တာဝန်ရှိအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါအလင်းဝင်ရောက်လာသူမှာ စိုင်းလုံတစ်၊ အသက်(၃၉)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ရပ်ကွက်(၁)၊ ကျိုင်းတုံမြို့ နေသူ ဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ၎င်းအား ဇန်န၀ါရီလ ပထမပတ်အတွင်းက လူသစ်အဖြစ်စုဆောင်း သွားခြင်း ဖြစ်ကြောင်း၊ ၎င်းအား လူသစ်စုဆောင်းသော အဖွဲ့မှာ ပေါ့ထောက်ဝေါ့ဦးအဖွဲ့မှဖြစ်ပြီး တောထဲတွင် ရွာစဉ်ရွာဆက် လှုပ်ရှားသွားလာနေစဉ် ထွက် ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြား သွားသည်။

“ကျိုင်းတုံမြို့ပေါ်မှာနေတဲ့ လူတောင်လာပြီး လူသစ်စုတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ အဲဒီလိုခံနေရတဲ့ ဒေသခံတွေ ဘယ်လောက်တောင်ရှိမယ် မသိဘူး၊ တကယ်တော့ အဲဒီအဖွဲ့ဟာ ကျွန်တော်တို့ပြည်နယ် အတွက် ဆက်ကြေးကောက်၊ ရိက္ခာတောင်း၊ လူသစ်စုတာကလွဲလို့ ဘာမှအကျိုး မပြုပါဘူးဗျာ” ဟု ကျိုင်းတုံမြိုကခံတစ်ဦး က ပြောကြားသွားသည်။

စိုင်းလေး(ကျိုင်းတုံ)

Shan News

No comments:

Post a Comment